ရင်းဂစ် ဒေါ်လာငွေလဲနှုန်း ၂ လ‌ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ


25 November, 2022

ရင်းဂစ် ဒေါ်လာငွေလဲနှုန်း ၂ လ‌ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရင်းဂစ် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဦးပြန်မော့လာသည်။ ၂ လ‌ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာသည်။
သောကြာနေ့ (နိုဝင်ဘာ ၂၅) ညနေ ၆နာရီ အပိတ်ဈေး 4.4795/4.4890 ဖြစ်ပြီး ကြာသပတေးနေ့ အပိတ်ဈေး 4.4910/4.5000 ထက် မြင့်တက်သည်။
.
အမေရိကန်ဗဟိုဘဏ်က ညင်ညင်သာသာဖြင့် အတိုးနှုန်း မြှင့်တင်သွားမည်ဟု ယူဆထားခြင်း၊ 
မလေးရှား အစိုးရအသစ်အတွက် ဝန်ကြီးချုပ်ခန့်အပ်ခြင်းတို့ကြောင့် ရင်းဂစ် ပြန်မာလာသည်။

အမေရိကန်တွင် ငွေဖောင်းပွမှုနှုန်း စက်တင်ဘာလတွင် ၈.၂% ရှိခဲ့ပြီး အောက်တိုဘာလတွင် ၇.၇% သို့ ကျလာသဖြင့် ငွေဖောင်းပွမှုကို တိုက်ခိုက်ရန် ဘဏ်အတိုးနှုန်း မြှင့်တင်ခြင်း ညင်သာလိမ့်မည်။ ဒသမ ၇၅ မြှင့်တင်‌ခြင်းကို အရှိန်လျှေိာ့ချပြီး  ဒီဇင်ဘာလတွင် ဒသမ ၅၀   မြှင့်တင်လိမ့်မည်ဟု ယူဆထားကြပါသည်။ 
ဝန်ကြီးချုပ်တာဝန်ယူလိုက်သည့်  Datuk Seri Anwar Ibrahim သည် စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဖက်ကျသူဟု ယူဆကြပါသည်။

ရင်းဂစ်သည် မလေးရှားအတွက် အဓိကကျသော နိုင်ငံခြားငွေများနှင့် ငွေလဲနှုန်းတွင်လည်း မြင့်တက်သည်။

စင်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ကြာသပတေးနေ့ အပိတ်ဈေး 3.2678/3.2749 ဖြစ်ခဲ့ပြီး သောကြာနေ့ အပိတ်ဈေး 3.2573/3.2645 သို့ မြင့်တက်သည်။
ယူရိုနှင့် ငွေလဲနှုန်းသည် ကြာသပတေးနေ့ အပိတ်ဈေး 4.6792/4.6886 ဖြစ်ခဲ့ပြီး သောကြာနေ့ အပိတ်ဈေး 4.6551/4.6650 ဖြစ်လာသည်။
ဗြိတိသျှပေါင်နှင့် ငွေလဲနှုန်းသည် ကြာသပတေးနေ့ အပိတ်ဈေး 5.4305/5.4414 ဖြစ်ခဲ့ပြီး သောကြာနေ့ အပိတ်ဈေး 5.4094/5.4209 သို့ မြင့်တက်သည်။
ဂျပန်ယန်းနှင့် ငွေလဲနှုန်းသည် ကြာသပတေးနေ့ အပိတ်ဈေး 3.2412/3.2479 ဖြစ်ခဲ့ပြီး သောကြာနေ့ အပိတ်ဈေး 3.2118/3.2188 ဖြစ်လာသည်။
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 414 times