အဓိကနိုင်ငံခြားငွေများနှင့် လဲနှုန်းတွင် ရင်းဂစ် တန်ဖိုးတက်


31 October, 2022

အဓိကနိုင်ငံခြားငွေများနှင့် လဲနှုန်းတွင် ရင်းဂစ် တန်ဖိုးတက်
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အောက်တိုဘာလ၏ နောက်ဆုံးနေ့ ညနေ ၆ နာရီ ဈေးပိတ်ချိန်တွင် ရင်းဂစ်ငွေကြေး ကန်ဒေါ်လာ လဲနှုန်းသည် ပြီးခဲ့သည့်သောကြာနေ့အပိတ်ဈေး 4.7225/4.7275 ရှိခဲ့ရာမှ 4.7260/4.7300 သို့ ကျဆင်းသွားသည်။
.
Bank Islam Malaysia Bhd မှ ဘောဂဗေဒပညာရှင် Firdaos Rosli က US Federal Reserve (Fed) နှင့် Bank of England တို့သည်  အတိုးနှုန်း တိုးမြှင့်ခြင်းကို ကြေညာဖွယ်ရှိပြီး Bank Negara Malaysia (BNM) ငွေကြေးမူဝါဒကော်မတီ (MPC) သည် လာမည့်  ကြာသပတေးနေ့တွင် အတိုးနှုန်းကို အခြေခံ ဒသမ ၂၅ တိုးလိမ့်မည်ဟု ခန့်မှန်းထားသည်။ 


.
ရင်းဂစ်သည် ကန်ဒေါ်လာနှင့် ဗြိတိသျှပေါင်တို့မှအပ အခြား အဓိကနိုင်ငံခြားငွေများနှင့် လဲနှုန်းတွင် သောကြာနေ့ အပိတ်ဈေးထက် တနင်္လာနေ့ အပိတ်ဈေး မြင့်တက်ခဲ့ပါသည်။ 
.
ဂျပန်ယန်းနှင့် လဲနှုန်းတွင် 3.1976/3.2012 မှ  3.1833/3.1863 သို့ မြင့်တက်သည်။ 
.
စင်ကာပူဒေါ်လာနှင့် လဲနှုန်းတွင် 3.3436/3.3474 မှ  3.3409/3.3439 သို့ မြင့်တက်သည်။ 
.
ယူရိုနှင့် လဲနှုန်းတွင် 4.7008/4.7058 မှ 4.7000/4.7040  သို့ မြင့်တက်သည်။ 
.
ဗြိတိသျှပေါင်နှင့် လဲနှုန်းတွင် ရင်းဂစ် တန်ဖိုးကျသည်။ 5.4455/5.4513 မှ 5.4647/5.4693 သို့ ကျဆင်းခဲ့ပါသည်။ 
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 348 times