ရင်းဂစ် ဒေါ်လာလဲနှုန်း တစ်ပတ်တာအတွက် ခန့်မှန်းပြောကြား


26 October, 2022

ရင်းဂစ် ဒေါ်လာလဲနှုန်း တစ်ပတ်တာအတွက် ခန့်မှန်းပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရင်းဂစ်သည် ယခုသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၄.၇၅ ဝန်းကျင် တွင် ဖြစ်နိုင်သည်ဟု လေ့လာသုံးသပ်သူများကဆိုသည်။
SPI Asset Management မှ မန်နေးဂျင်းဒါရိုက်တာ Stephen Innes က US Federal Open Market Committee သည် အမေရိကန်တွင် ငွေကြေးဖောင်းပွမှုနှုန်း မြန်ဆန်စွာ ကျဆင်းခြင်း မရှိသည့်အပေါ် စိတ်ရှည်သည်းခံနေမည် မဟုတ်ဟု သုံးသပ်ပါသည်။ သို့ဖြစ်ရာ အတိုးနှုန်းကို မြှင်တက်လိမ့်မည်။ ဒေါ်လာ ပိုမာလာမည်ဟု သူက သုံးသပ်သည်။

မလေးရှားနိုင်ငံအတွက် Principal Asset Management Bhd ၏ အရှေ့တောင်အာရှ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် Patrick Chang က စီးပွားရေးကျဆင်းရန်  အလားအလာရှိနေသည်ကို အကြောင်းပြုပြီး စိန်ခေါ်မှုများ ဆက်ရှိနေမည်ဟု သုံးသပ်ပါသည်။
အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းမြင့်တက်ခြင်း၊ ဒေါ်လာမာနေခြင်း၊ တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးလေးလံနေခြင်းများ ပေါင်းဆုံနေသည့်အတွက် စီးပွားရေး ရှေ့အလားအလာ စိုးရိမ်မကင်း ဖြစ်ကြကြောင်း ၎င်းက ပြောကြားပါသည်။
Source thestar
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 246 times