ဒေါ်လာလဲနှုန်းတွင် ရင်းဂစ် မြင့်တက်


23 November, 2022

ဒေါ်လာလဲနှုန်းတွင် ရင်းဂစ် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယနေ့ ၂၀၂၂ နိုဝင်ဘာလ ၂၃ ရက် မနက်ဈေးဖွင့်ချိန်တွင် ရင်းဂစ် ဒေါ်လာလဲနှုန်းတွင် မြင့်တက်သည်။ အမေရိကန်မှ အတိုးနှုန်းချမှတ်သည့် US federal open market committee (FOMC)  အစည်းအဝေး ရလဒ် ထွက်ပေါ်ခါနီးတွင် မြင့်တက်နေခြင်းဖြစ်သည်။

နံနက် ၉ နာရီတွင် ရင်းဂစ်၏ အစိမ်းနှင့် ငွေလဲနှုန်းသည် ယမန်နေ့က ဈေးအပိတ် 4.5750/4.5835  မှ ယနေ့ ဈေးအဖွင့်တွင်  4.5730/4.5780 သို့ တိုးလာသည်။

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်မှု ညင်သာလိမ့်မည်ဟု အများက မျှော်လင့်ထားကြသည်။

အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းသည် ယခုနှစ် မတ်လမှစတင်၍  ဒသမ 375 သို့မဟုတ် 3.75% တိုးလာခဲ့သည်။

၂၀၂၃ တွင် အစိမ်းသည် အကျဘက်သို့ ပြန်ရောက်လိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။ အမေရိကန်နိုင်ငံစီးပွားရေးအပေါ် စီးပွားဆုတ်ယုတ်မည့် တိမ်မည်းထုများ ဆိုင်းစပြုနေပြီဟု သုံးသပ်ကြသည်။
ပို့ကုန်လုပ်ငန်းရှင်များက လက်ထဲရှိသည့် ကန်ဒေါ်လာ ပမာဏကို လျှော့ချထားရန် ထုတ်ရောင်းနေကြခြင်းကြောင့်လည်း ရင်းဂစ် မြင့်တက်စေသည်။ 

အခြားနိုင်ငံခြားငွေများနှင့် ငွေလဲနှုန်းများတွင် ရင်းဂစ် ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။ 

စင်ကာပူဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 3.3169/3.3235  ဖြစ်ခဲ့ပြီး ယနေ့မနက် အဖွင့်ဈေး 3.3181/3.3224 သို့ ကျဆင်းသည်။ 

ယူရိုနှင့် ငွေလဲနှုန်းတွင်လည်း ကျဆင်သည်ကို တွေ့ရသည်။ ယမန်နေ့ အပိတ်ဈေး 4.6981/4.7068  ဖြစ်ခဲ့ပြီး ယနေ့မနက် အဖွင့်ဈေး 4.7148/4.7199  သို့ ကျဆင်းသည်။ 

ဗြိတိသျှပေါင်နှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 5.4223/5.4324  ဖြစ်ခဲ့ပြီး ယနေ့မနက် အဖွင့်ဈေး 5.4396/5.4455  သို့ ကျဆင်းသည်။ 

ဂျပန်ယန်းနှင့် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 3.2380/3.2445  ဖြစ်ခဲ့ပြီး ယနေ့မနက် အဖွင့်ဈေး 3.2400/3.2440 သို့ ကျဆင်းသည်။ 
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 218 times