စင်ကာပူတွင် ရင်းဂစ် ငွေလဲသူ များပြားသဖြင့် ငွေသားပြတ်လပ်


26 April, 2022

စင်ကာပူတွင် ရင်းဂစ် ငွေလဲသူ များပြားသဖြင့် ငွေသားပြတ်လပ်

စင်ကာပူ အလယ်ပိုင်းရှိ မန်းနီးချိန်းဂျာများတွင် ဧပြီလ ၂၅ ရက် တနင်္လာနေ့တွင် မလေးရှားနိုင်ငံသုံးငွေ ရင်းဂစ် လာရောက်လဲလှည်သူ များ'ပြားသဖြင့် တန်စီးနေသည့် လူတန်းရှည် ဖြစ်ပေါ်ခဲ့သည်။
စင်ကာပူဒေါ်လာနှင့် ရင်းဂစ်တို့အကြား ငွေလဲနှုန်းသည် ရင်းဂစ်က အားပျော့နေချိန်မှာ ရင်းဂစ်ကို လာလဲကြခြင်း ဖြစ်သည်။
ဧပြီလဆန်းတွင် ၁ စင်ကာပူဒေါ်လာကို ၃.၁၀ ရင်းဂစ် ငွေလဲနှုန်း ဖြစ်ခဲ့ပြီ' ယခုအခါ ၃.၁၇ ဖြစ်သည်။
ပြီးခဲ့သည့် တစ်ပတ် နှစ်ပတ်အတွင်း ၂% ကျော် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နေ့လယ် ထမင်းစားချိန် အလုပ်နားသည့်အချိန်ကာလတွင် မန်းနီးချိန်းဂျာများထံ လာရောက်တန်းစီပြီး ရင်းဂစ်လာလဲသူများ များပြားနေခဲ့ရာ တန်းစီနေသည့် လူတန်းရှည်များကို မန်းနီးချိန်းဂျာများတွင် တွေ့ကြရသည်။ 
ပြီးခဲ့သည့် သီတင်းပတ်မှ စ၍ စင်ကာပူဒေါ်လာကို မလေးရှား ရင်းဂစ်သို့ လဲလှယ်သူများ ပိုများလာခဲ့သည်။ တနင်္လာနေ့တွင် သိသိသာသာ ပိုများနေသည်ဟု  People’s Park Complex  မှ မန်းနီးချိန်းဂျာဆိုင်တစ်ဆိုင်က ပြောကြားသည်။ 
The Arcade နှင့် People’s Park Complex  တို့တွင် ဆိုင်ဖွင့်ထားသည့် မန်းနီးချိန်းဂျာများသည် ၁ စင်ကာပူဒေါ်လာကို ၃.၁၀~၃.၁၂ ရင်းဂစ် နှုန်းထားဖြင့် လဲလှယ်ပေးကြသည်။ 

The Arcade တွင် မန်းနီးချိန်းဂျာ အနည်းဆုံး ၇ ဆိုင်တို့မှာ လဲပေးစရာ ရင်းဂစ်ငွေသား လက်ကျန် မရှိတော့သည်အထိ ဖြစ်သွားခဲ့သည်။ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ငွေသားပြတ်လပ်သွားသဖြင့် တန်းစီနေသူများကို အခြားမန်းနီးချိန်းဂျာထံ သွားရောက်လဲလှယ်ရန် ပြောဆိုကြရသည်။


မန်းနီးချိန်းဂျာ ဆိုင်တွင် တန်းစီသူ မရှိ၊ လူရှင်းနေပါက ရင်းဂစ်ငွေသား ကုန်နေသောကြောင့်ဟု ကောက်ချက်ချနိုင်ကြောင်း Money Matters Foreign Exchange မန်းနီးချိန်းဂျာမှ ဝန်ထမ်းက ပြောကြားသည်။ 

ထမင်းစားချိန် လာလဲကြသူများတွင် အများစုသည် စင်ကာပူဒေါ်လာ ၃,၀၀၀ ~ ၄,၀၀၀ ဖိုး လဲကြသည်။

Hasan Trading Money Exchange မှ ဆိုင်ပိုင်ရှင်က "ရင်းဂစ်ငွေသား လက်ကျန် ကုန်ပြီ။ ဒီနေ့ ကုန်သွားတယ်" ဟု ပြောကြားသည်။ 

Banking & Loan Global News Read 18712 times