အမေရိကန် ဒေါ်လာနှင့် ယှဉ်ပါက ရင်းဂစ် အနိမ်ဆုံး စံချိန်သစ် ထပ်တင်


20 October, 2022

အမေရိကန် ဒေါ်လာနှင့် ယှဉ်ပါက ရင်းဂစ် အနိမ်ဆုံး စံချိန်သစ် ထပ်တင်

 

 

ရင်းဂစ်သည် အမေရိကန် ဒေါ်လာနှင့် ယှဉ်ပါက တန်ဖိုးဆက်လက်ကျဆင်းနေသည်။
အာရှငွေကြေးအကျပ်အတည်း ဖြစ်ပွားခဲ့သည့် ၁၉၉၈ ခုနှစ်တွင် ရင်းဂစ် ဆိုးဆိုးဝါးဝါး တန်ဖိုးကျခဲ့သည်ထက် ပိုမိုကျဆင်းခဲ့ပါသည်။
ရင်းဂစ် တန်ဖိုးကျဆင်းရသည်မှာ ပြည်တွင်း စီးပွားရေးလေဆန်၊ ကမ္ဘာ့စီးပွားရေး လေဆန် တို့ကို ဆက်တိုက်ကြုံနေရခြင်းကြောင့် ဖြစ်သည်ဟု လေ့လာဆန်းစစ်သူတို့က ဆိုကြသည်။

ယနေ့ (၂၀၂၂ အောက်တိုဘာ ၂၀) မလေးရှားဒေသစံတော်ချိန် ညနေ ၆ နာရီတွင် 4.7270/4.7290 ဖြင့် ရောင်းဝယ်ကြသည်။ 
၁၉၉၈ ဇန်နဝါရီလ ၇ ရက် 4.7250 ရေချိန်အောက်သို့ ရောက်နေသည်။ 
ယမန်နေ့ အပိတ်ဈေးမှာ 4.7180/4.7220 ဖြစ်ပါသည်။

.
ဂျပန်ယန်းငွေသည် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယနေ့ 150 မျဉ်း အောက်သို့ ကျွံကျခဲ့သည်။ ၃၂ နှစ်တာတွင် အနိမ့်ဆုံး စံချိန်သစ် တင်သည်။

 

ရင်းဂစ် - ယန်း ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 3.1611/3.1642 ဖြစ်ခဲ့ပြီး ယနေ့ ငွေလဲနှုန်းမှာ 
 3.1547/3.1565 ဖြစ်သည်။ ရင်းဂစ် အနည်းငယ် ပြန်မြင့်တက်သည်။ 
 ရင်းဂစ် - စင်ကာပူ ငွေလဲနှုန်းတွင် ယမန်နေ့က 3.3176/3.3207 ဖြစ်ခဲ့ပြီး ယနေ့ 3.3172/3.3188 ဖြစ်သည်။ ရင်းဂစ် အနည်းငယ် ပြန်မြင့်တက်သည်။ 
 ရင်းဂစ် - ယူရို ငွေလဲနှုန်းတွင်လည်း ရင်းဂစ် မြင့်တက်သည်။ ယမန်နေ့က 4.6326/4.6365 ဖြစ်ပြီး ယနေ့ 4.6244/4.6264 ဖြစ်သည်။ 
 ရင်းဂစ် - ပေါင် ငွေလဲနှုန်းတွင် ယမန်နေ့ အပိတ်ဈေး 5.3233/5.3278 ဖြစ်ပြီး ယနေ့ 5.2971/5.29935 ဖြစ်ပါသည်။
 
Source FMT
 

Banking & Loan Read 552 times