ရင်းဂစ်နှင့် စင်ဒေါ်လာ ငွေလဲနှုန်း ခန့်မှန်းချက်


02 November, 2022

ရင်းဂစ်နှင့် စင်ဒေါ်လာ ငွေလဲနှုန်း ခန့်မှန်းချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရင်းဂစ်သည် လာမည့်ခြောက်လအတွင်း စံချိန်တင်အနိမ့်ဆုံးဖြစ်သော အမေရိကန်တစ်ဒေါ်လာနှင့် 5.00 သို့ရောက်ရှိဖွယ်ရှိသည်။
အမေရိကန်ပြည်ထောင်စု Federal Reserve ၏ အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ငွေဖောင်းပွမှုကို တန်ပြန်သည့် ရပ်တည်ချက်နှင့် အမေရိကန် ဒေါ်လာကို အားကောင်းနေစေခြင်း၊ မြင့်မားနေသော ငွေကြေးဖောင်းပွမှု ခိုင်မာနေခြင်း၊  ကမ္ဘာ့စီးပွားရေး မရေမရာ ဖြစ်နေရခြင်းများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ရင်းဂစ်တန်ဖိုးသည် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် အကျဘက်မှာ ဆက်ရှိနေလိမ့်မည် ဟု စီးပွားရေးပညာရှင်များနှင့် နိုင်ငံခြားငွေလဲလှယ်မှု လေ့လာသုံးသပ်သူများက ပြောကြားသည်။

အကယ်၍ ရင်းဂစ် မတည်ငြိမ်မှု သိသိသာသာ မြင့်တက်လာပြီး စင်္ကာပူဒေါ်လာသည် တည်ငြိမ်နေပါက မလေးရှားငွေကြေး ရင်းဂစ်သည် စင်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် အနိမ့်ဆုံး စံချိန်အသစ်တစ်ခုသို့ရောက်ရှိလိမ့်မည်။ RM3.35 ~ RM3.45 ရေချိန်သို့ ကျဆင်းလိမ့်မည်။ Maybank forex မဟာဗျူဟာမှူး Saktiandi Supaat  က ပြောကြားသည်။ 
မလေးရှားသည် အတိုးနှုန်းဖြင့် ငွေကြေးမူဝါဒကို စီမံခန့်ခွဲသည်။
စင်ကာပူဗဟိုဘဏ်သည် ကန်ဒေါ်လာ ငွေလဲနှုန်းကြောင့် သွင်းကုန်များ ဈေးတက်ရာမှ ငွေကြေးဖောင်းပွမည့်အရေးများကို တန်ပြန်ရန် ၎င်အဓိကမူဝါဒကိရိယာအဖြစ် ငွေလဲနှုန်းကို အသုံးပြုသည်။ ဘဏ်အတိုးနှုန်းဖြင့် ကိုင်တွယ်ပေးခြင်း မပြုချေ။

စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့Monetary Authority of Singapore  (MAS) သည် လွန်ခဲ့သည့် ၁၂ လအတွင်း ၅ ကြိမ်တိုင်တိုင် ငွေကြေးမူဝါဒကို တင်းကျပ်ခဲ့သည်။ စင်္ကာပူဒေါ်လာသည် အာရှငွေကြေးများကြားတွင် သာလွန်ကောင်းမွန်‌ေနခဲ့သည်။

Mr Saktiandi သည် စင်္ကာပူဒေါ်လာသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည် 1.40~1.41 ရေချိန်တွင် ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။
Source straittimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 359 times