တောင်ကိုရီးယား အချမ်းသာဆုံး လုပ်ငန်းရှင်


25 April, 2023

တောင်ကိုရီးယား အချမ်းသာဆုံး လုပ်ငန်းရှင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

MBK Partners ထူထောင်သူ နှင့် ဥက္ကဋ္ဌ  Michael ByungJu Kim
 

MBK Partners တည်ထောင်သူနှင့်ဥက္ကဋ္ဌ Michael ByungJu Kim သည် Forbes ၏ ၂၀၂၃ ခုနှစ် "ကိုရီးယား အချမ်းသာဆုံး  ၅၀ ဦး စာရင်း" "Korea's 50 Richest" တွင် ထိပ်ဆုံးမှာ ရပ်တည်ခဲ့သည်။

Forbes ၏ နှစ်စဉ် ဘီလီယံနာ စာရင်းတွင် Samsung Electronics ၏ အမှုဆောင် ဥက္ကဋ္ဌ Lee Jae-yong ထက် အသားတင် ပိုင်ဆိုင်မှု ပိုများသည့်သူ ပထမဆုံးအကြိမ် ပေါ်ပေါက်ခြင်း ဖြစ်သည်။
အမေရိကန်အခြေစိုက် စီးပွားရေးမဂ္ဂဇင်း Forbes  ၏ အဆိုအရ  Kim ၏ အချိန်နှင့်တပြေးညီ အသားတင်ပိုင်ဆိုင်မှုသည် ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၉.၇ ဘီလီယံရှိပြီး ကိုရီးယား၏ အချမ်းသာဆုံး ၅၀ စာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်နေပါသည်။

အာရှ၏ အကြီးဆုံး ပုဂ္ဂလိကရှယ်ယာလုပ်ငန်းတစ်ခု ဖြစ်သည့် MBK Partners ၏တည်ထောင်သူ Michael ByungJu Kim သည် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၇.၇ ဘီလီယံဖြင့် ယမန်နှစ်က ၎င်းစာရင်းတွင် တတိယနေရာ ရရှိခဲ့သည်။

 "ကျနော်ရခဲ့တဲ့ အောင်မြင်မှုဟာ ပင်ကိုယ်စွမ်းရည် ၊ ကြိုးစားမှုတွေကြောင့်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကံကောင်းခြင်းကြောင့်လည်း ဖြစ်ပါတယ် ။ အဲဒါကို အသိအမှတ်ပြုခြင်းဟာ လက်တွေ့ကျကျ သိဖို့ အလွန် အရေးပါပါတယ် ၊ အဲဒီဟာကနေ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်းကို ရရှိပါတယ်" ဟု Kim က ပြောကြားသည်။
 
Forbes စာရင်းတွင် Samsung Electronics အကြီးအကဲ Lee Jae-yong (သို့) Jay Y. Lee သည် ကိုရီးယား၏ အချမ်းသာဆုံး အယောက် ၅၀ တွင် ပိုင်ဆိုင်မှု ဒေါ်လာ ၈.၈ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်‌ေနသည်။
ဇီဝဆေးဝါးလုပ်ငန်း Celltrion တည်ထောင်သူ Seo Jung-jin သည် ပိုင်ဆိုင်မှုဒေါ်လာ ၅.၇ ဘီလီယံဖြင့်  တတိယအချမ်းသာဆုံး ဖြစ်ပါသည်။

Lee Jae-yong နှင့် Seo Jung-jin တို့သည် ဝမ် တန်ဖိုးကျခြင်း၊ ၎င်းတို့ပိုင်ဆိုင်သည့် ရှယ်ယာများ ဈေးကျခြင်းတို့ကြောင့် ကန်ဒေါ်လာ ၁.၂ ဘီလီယံ အသီးသီး လျော့ကျခဲ့ပါသည်။
Source koreatimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Global News Read 377 times