ပုသိမ်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ယွမ်ဖြင့်ရောင်းသည့် မြန်မာ့ဆန် တင်ပို့


24 December, 2022

ပုသိမ်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ယွမ်ဖြင့်ရောင်းသည့် မြန်မာ့ဆန် တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် ၂၀၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာမှ တာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်က အရောင်းစာချုပ် ချုပ်ဆိုခဲ့သည်။  

ပုသိမ်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၃၀၀၀၀ မှ ၅၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် လျာထားသည်။

.

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဧည့်မထဆန် (၅ ရာခိုင်နှုန်းဆန်ကွဲပါ) တန်ချိန် ၂,၆၅၀ တင်ဆောင်ခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်မည့် MV MCL-7 သင်္ဘောပေါ်သို့ စတင်တင်ဆောင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဆိပ်ကမ်းရှိ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း Ayeyawady International Industrial Port- AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ် ဆန်တန်ချိန် ၂,၆၅၀ တင်ဆောင်ခြင်း လုပ်ငန်းစဉ်ကို အောက်တိုဘာ ၃၁ ရက်က ပြီးစီးခဲ့သည်။MV MCL-7 သည် AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။  

ဧရာဝတီတိုင်း ဒေသကြီးမှ ဒေသထွက်ကုန်များ ပြည်ပသို့ တိုက်ရိုက် တင်ပို့ခြင်း အစပြုဖြစ်သည်။

ပုသိမ်စက်မှုဆိပ်ကမ်းရှိ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း AIIP တွင် နိုဝင်ဘာ ၂ ရက်တွင် ဧရာဟင်္သာကုမ္ပဏီထံမှ MV MCL-7 သင်္ဘောဖြင့် ဆန်တန်ချိန် ၂,၆၅၀ တင်ပို့ခဲ့သည်။

MV MCL-21 သင်္ဘောဖြင့် နိုဝင်ဘာ ၇ ရက်တွင် ၂,၆၁၅ တန်ကို လည်းကောင်း၊

MV MCL-12 သင်္ဘောဖြင့် နိုဝင်ဘာ ၁၃ ရက်တွင် တန်ချိန် ၂,၆၅၀ ကို လည်းကောင်း၊ 

MV MCL-18 သင်္ဘောဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် တန်ချိန် ၂,၆၅၀ ကို လည်းကောင်း တင်ပို့ခဲ့သည်။ 

 စုစုပေါင်း တင်ပို့သည့် ဆန်တန်ချိန်မှာ  ၁၀,၅၆၅ ဖြစ်ပါသည်။

AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅၀ ကီလိုဂရမ်ရှိသော ဧည့်မထဆန်အိတ် စုစုပေါင်း ၂၁၁၃၀၀ အိတ် ပို့ဆောင်ခဲ့သည်။  

 

လျာထားချက် ဆန်တန်ချိန် ဒုတိယအသုတ်ကို ဆက်လက်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

.

ဒုတိယအသုတ်မှ ဆန်တန်ချိန် ၂၆၁၀ ကို MV MCL-19 သင်္ဘောဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ဆန်တန်ချိန် ၂၆၁၀ တင်ပို့ခဲ့ပါသည်။

MV MCL-12 သင်္ဘောဖြင့် ဒီဇင်ဘာလ ၈ ရက်တွင် ဆန်တန်ချိန် ၂၆၅၀ တင်ပို့ခဲ့ပါသည်။

 စုစုပေါင်း တင်ပို့သည့် ဆန်တန်ချိန်မှာ  ၅၂၆၀ ဖြစ်ပါသည်။

 .

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်မှုအောက်တွင် ကုမ္ပဏီ ၄၈ ခုမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ယွမ်ငွေဖြင့် ရောင်းချသည့် မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀,၀၀၀ တင်ပို့မည်ဖြစ်သည်။

.

စာချုပ်အရ  ဆန်ဖြူ (ATAP) GPCT Broken STX အမျိုးအစားများကို ပို့ဆောင်ပေးမည်ဖြစ်သည်။

FOB စျေးနှုန်းများမှာ တစ်ကီလိုလျှင် ၂.၇၈၈၅၆ ယွမ်(တစ်တန်လျှင် ၂၇၈၈.၅၆ ယွမ်)ဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်/သွင်းကုန်ဌာနခွဲမှ ယွမ်ငွေ ၅၃၄ သန်းကျော် တန်ဖိုးရှိ ပို့ကုန်လိုင်စင် ၄၂ ခု ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁၉၁၇၀၀ တင်ပို့ရန်အတွက် ကုမ္ပဏီ ၄၁ ခုအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးခဲ့သည်ဟု သိရသည်။

Export, Import Read 1950 times