ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ ဆန်တန်ချိန် (၂၅၀,၀၀၀) တင်ပို့မှု စတင်ဆောင်ရွက် 


11 October, 2022

ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ ဆန်တန်ချိန် (၂၅၀,၀၀၀) တင်ပို့မှု စတင်ဆောင်ရွက် 
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

 

ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့် ဆန်တန်ချိန် (၂၁,၃၀၀) တန်ကို ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက် နေပြီ ဖြစ်ပါသည်။


အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ စီစဉ်တင်ပို့ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံ၊ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့် ဆန် ၅ % တန်ချိန် (၂၅၀,၀၀၀) စာချုပ်ချုပ်ထားပြီး ယခု MV VTC Ocean နှင့် တင်ပို့မှုသည် အဆိုပါစာချုပ်အား စတင်အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည်။
Source Commerce
 

 

Export, Import Read 3537 times