ထိုင်းဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး စမ်းသပ်မှု ရွှေ့ဆိုင်း


14 January, 2022

ထိုင်းဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး စမ်းသပ်မှု ရွှေ့ဆိုင်း

ထိုင်းနိုင်ငံ ဗဟိုဘဏ်ဖြစ်သော  Bank of Thailand က ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး Central Bank Digital Currency (CBDC) လက်လီကဏ္ဍကို လူအများ သုံးစွဲရန် စမ်းသပ်မှုကို ၂၀၂၂ နှစ်ကုန်ပိုင်းသို့ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

အစမ်းရှေ့ပြေးစမ်းသပ်မှုကို ယခင်က ၂၀၂၂ ဒုတိယ ၃လပတ်မှာ လုပ်ဆောင်ရန် လျာထားခဲ့ပြီး CBDC ကို ငွေပေးချေမှုများမှာ အစမ်း သုံးစွဲစေပြီး အကဲဖြတ်ဖို့ အစီအစဉ် ရေးဆွဲထား'ပါတယ်။ စမ်းသပ်မှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ငွေကြေးအဖွဲ့အစည်းများနှင့် သုံးစွဲသူ ဦးရေ ၁၀,၀၀၀ ဝန်းကျင်ဖြင့် ငွေအပ်နှံခြင်း၊ ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်း စသည်တို့ကို စမ်းသပ်ကြည့်မှာ ဖြစ်ပါတယ်။ 

Bank of Thailand က  ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး ကို လက်လီကဏ္ဍမှာ သုံးစွဲတာဟာ ခရစ္စပတိုငွေကြေး(cryptocurrency)၊ တည်ငြိမ်ဒင်္ဂါး (stable coin) တို့ကို ယှဉ်ပြိုင်ရန် မဟုတ်ဘဲ ငွေကြေးဝန်ဆောင်မှုများ ပေးအပ်ရာတွင် သုံးစွဲသူတို့ ကုန်ကျစရိတ် သက်သာစေရန်သာ ရည်ရွယ်ချက် ထားရှိပါတယ်။

လက်လီအရောင်းအဝယ်များတွင် ငွေစက္ကူဖြင့် ပေးချေခြင်းအစား CBDC ဖြင့် ငွေပေးငွေယူ လုပ်နိုင်စေမညယ်လို့ ဗဟိုဘဏ်က ပြောကြားပါတယ်။ အွန်လိုင်းနှင် အော့ဖ်လိုင်း နှစ်မျိုးစလုံးဖြင့် ငွေပေးငွေယူ လုပ်ကိုင်နိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

 

 

Banking & Loan Read 273 times