ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အားပမာဏ ၂၀၂၃ ခုနှစ်တွင် ၅၀% ထပ်တိုးခဲ့


14 January, 2024

ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အားပမာဏ ၂၀၂၃ ခုနှစ်တွင် ၅၀% ထပ်တိုးခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသစ်  ၅၀% ထပ်တိုးခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် စျေးသက်သာသော ဆိုလာပြားများဖြင့် ဓာတ်အားထုတ်ယူမှု အထူးတလည် မြင့်တက်ခဲ့သည်။ 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓာတ်အားထုတ်လုပ်ခြင်းများ ၅၁၀ ဂိုင်ဂါဝပ်နီးပါးကို ၂၀၂၃ ခုနှစ်တွင် တပ်ဆင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ International Energy Agency IEA ၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

"လက်ရှိမူဝါဒများနှင့် စျေးကွက်အခြေအနေများအရ ကမ္ဘာ့ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ပမာဏသည် ၂၀၃၀ ခုနှစ်တွင် နှစ်ဆခွဲတိုးလာရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်သည်။" ဟု IEA အမှုဆောင်ဒါရိုက်တာ Fatih Birol က အစီရင်ခံစာတွင် ရေးသားထားသည်။ 
သုံးဆတိုးရန် ရည်မှန်းချက်ပန်းတိုင်ကို မမီသေးသော်လည်း ပန်းတိုင်နှင့် ပိုနီးစပ်လာပြီဟု ၎င်းက ရေးသားထားသည်။ 

ဆိုလာပြားဈေးနှုန်းများ ထိုးကျခြင်းကြောင့် တရုတ်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်မှု ပမာဏ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကြီးထွားနှုန်း အမြန်ဆုံးနိုင်ငံ ဖြစ်သည်။ 

အမိုးပေါ် ဆိုလာပြားတပ်ဆင်ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကြီးထွားစေသည့် အသုံးအများဆုံး နည်းလမ်း ဖြစ်သည်။ 

လေအားလျှပ်စစ် ထုတ်လုပ်မှုသည် ကြီးထွားနှုန်း နှေးသည်။ ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများသည် နှောင့်နှေးခြင်းနှင့် စီမံကိန်း ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နေသည်။ အဓိက အကြောင်းရင်းမှာ ငွေဖောင်းပွမှုကြောင့် ကုန်ကျစရိတ်များ မတန်တဆ မြင့်တက်သဖြင့် စီမံကိန်းကို ဆက်လက်အကောင်အထည် မဖော်နိုင်ကြတော့ချေ။ 

Source iea
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 258 times