အသေးစားစက်မှု လက်မှုလုပ်ငန်းများ အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို စတင်ခွင့်ပြုပေးမည်


19 September, 2020

မန္တလေးတိုင်းဒေသကြီးအတွင်း အသစ်လျောက်ထားမည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို စတင်ခွင့်ပြုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန မှသိရသည်။

ယင်းသို့ ခွင့်ပြုလုပ်ဆောင်ပေးခြင်းသည် ကိုဗစ်ကာလအတွင်း လုပ်ငန်းရှင်များ အဆင် ပြေ ချောမွေ့စေရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကာ အဆိုပါဌာန ဖေ့စ်ဘွတ်စာမျက်နှာ ၊ အီးမေးလ်တို့မှ တစ်ဆင့် စတင်လျှောက်ထားနိုင်မည် ဖြစ်သည်။

 

ယခုလက်ရှိတွင် ကိုဗစ်ကာလဖြစ်သောကြောင့် သွားရေးလာရေး ခက်ခဲ့သည့်အတွက် ဖေ့စ်ဘွတ်စာမျက်နှာ ၊ အီးမေးလ်တို့မှ ဆက်သွယ်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လျှောက်ထားမည်ဆိုပါက လျှောက်ထားသူလုပ်ငန်းရှင်၏ လုပ်ငန်းမှ လုပ်ငန်းခွင် ဓာတ်ပုံ၊လုပ်ငန်းရှင်၏ ပါတ်စ်ပို့ဓာတ်ပုံ၊မှတ်ပုံတင်မိတ္တူနှင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်နေကြောင်း ရပ်ကွက်၏ ထောက်ခံစာ စသည်တို့လိုအပ်ကြောင်း၊ကိုဗစ်ကာလတွင်သာ ပထမဦးဆုံးစတင်လုပ်ပေးခြင်း ဖြစ်ကြောင်း ယင်းဌာန မှ သိရသည်။

 

လျှောက်ထားလိုသူများသည် 'အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာန၊မန္တလေး တိုင်းဒေသကြီး' ဖေ့စ်ဘွတ်စာမျက်နှာ၊ [email protected] အီးမေးလ်လိပ်စာသို့လိပ်မူနိုင်ကာ ဖုန်းနံပါတ် ၀၂၄၀၃၉၆၀၉ ကိုလည်း ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။

 

Transcom News Journal

Local News Tips Read 539 times