Red Bull ထူထောင်သူ ပိုင်ရှင် Mateschitz ကွယ်လွန်


23 October, 2022

Red Bull ထူထောင်သူ ပိုင်ရှင် Mateschitz ကွယ်လွန်

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

စွမ်းအားဖြည့်အချိုရည် Red Bull ကုမ္ပဏီ ထူထောင်သူနှင့် ပိုင်ရှင် ဩစတီးယား ဘီလျံနာ သူဌေးကြီး Dietrich Mateschitz သည် ပြင်းထန်သော ကင်ဆာရောဂါဖြင့် အသက် ၇၈ နှစ်အရွယ်တွင် စနေနေ့ (အောက်တိုဘာ ၂၂)က ကွယ်လွန်သွားခဲ့သည်။

စွန့်ဦးတီထွင်သူ လုပ်ငန်းရှင် Dietrich Mateschitz သည် စွမ်းအင်အချိုရည် Red Bull အတွက် ကမ္ဘာလုံးဆိုင်ရာ အင်ပါယာကို တည်ဆောက်ခဲ့သည်။ဩစတီးယားနိုင်ငံတွင် အချမ်းသာဆုံးသူ‌ဌေးအဖြစ် သတ်မှတ်ခံရပါသည်။
Mateschitz ၏ ကြွယ်ဝမှုမှာ ယူရို ၂၅ ဘီလီယံ (ဒေါ်လာ ၂၄.၆၅ ဘီလီယံ) ခန့်ရှိသည်ဟု ခန့်မှန်းပါသည်။ 
သူသည် Forbes ၏ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် အဆင့် ၅၁ နေရာတွင် ရပ်တည်ခဲ့သည်။
ကိုယ့်ဒူးကိုယ်ချွန် ဘီလျံနာဟာ စျေးကွက်ချဲ့ထွင်ရေး ပါရမီရှင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရပါသည်။
.
ဗီယင်နာမြို့ရှိ University of World Trade မှ ဘွဲ့ရပြီးနောက် ၁၉၇၀ ပြည့်နှစ်လွန်ကာလတွင် 
ကုမ္ပဏီအမျိုးမျိုးမှာ စျေးကွက်ရှာဖွေရေး အထူးကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သည်။
.
အာရှသို့ အလုပ်ကိစ္စဖြင့် သူသွားရောက်သည့် ခရီးစဉ်တွင် စွမ်းအားဖြည့်နှင့် စိတ်ကြွဆေးဖျော်ရည်ဈေးကွက်ကို သိခွင့်ရခဲ့ပါသည်။ ထိုအချိန်က ၎င်းအချိုရည်များကို ဥရောပနှင့် အမေရိကတွင် လူသိအလွန် နည်းပါသည်။ 
၁၉၈၃ တွင် သူသည် အာရှတွင် အားဖြည့်အချိုရည် ထုတ်လုပ်ရန် လိုင်စင်ကို ရယူခဲ့သည်။
 တစ်နှစ်အကြာတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်မိသားစု Yoovidhya နှင့်အတူ သူသည် Red Bull GmbH ကို တည်ထောင်ခဲ့ပြီး ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။
 .
ထိုင်းအားဖြည့်အချိုရည်ကို အမေရိကန်နှင့် ဥရောပ ဈေးကွက်များတွင် ရောင်းချရန် ပြုပြင်ပြီးနောက် ဈေးကွက်တင်ပါသည်။ Red Bull ကို ၁၉၈၇ ခုနှစ်တွင် ဈေးကွက်သို့ မိတ်ဆက်ခဲ့သည်။ "Red Bull gives you wings" Red Bull က သင့်ကို တောင်ပံများ ပေးသည်ဟု ကြောငြာစာသားကို သုံးစွဲသည်။
ချိုမြိန်သော အရသာရှိသည့် ကာဗွန်နိတ် ထိုင်းအဖျော်ယမကာ Red Bull ကို ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ နောက်ဆုံးမှာ ကမ္ဘာ့စျေးကွက်တွင် ဦးဆောင်သူ ဖြစ်လာခဲ့သည်။
.
လုပ်ငန်းစုသည် ၂၀၂၁ ခုနှစ်တွင် ဝင်ငွေ ယူရို ၇.၈ ဘီလီယံ ရရ‌ှိခဲ့သည်။ တစ်ကမ္ဘာလုံးတွင် Red Bull သံဘူး ခုရေ ၉.၈ ဘီလီယံ ရောင်းချခဲ့သည်။
အမေရိကန်ဈေးကွက်မှာ နေရာယူနိုင်ခဲ့ခြင်းသည် Mateschitz  အတွက် ထူးခြားသော မှတ်တိုင် ဖြစ်ပါသည်။ Red Bull သံဘူး ရောင်းအား၏ သုံးပုံတစ်ပုံကို အမေရိကန်ဈေးကွက်တွင် ရောင်းချလျက် ရှိသည်။
သူကိုယ်တိုင်လည်း Red Bull သောက်သည်။ တစ်ရက်လျှင် ၁၀ မှ ၁၂ ဘူးအထိ သောက်သည်။
.
အသက် ၃၀ နှစ်အရွယ် တစ်ဦးတည်းသောသား Mark သည် ဖခင်ဖြစ်သူ၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် လုပ်ကိုင်နေသည်။ သူက ဖခင်အရိုက်အရာကို ဆက်ခံဖွယ်ရှိသည်။
Source: Reuters
TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Global News Read 5492 times