ပလတ်စတစ် တစ်ဖန်ပြန်သုံး သင်္ကေတ နံပါတ်များ


24 April, 2023

ပလတ်စတစ် တစ်ဖန်ပြန်သုံး သင်္ကေတ နံပါတ်များ

တစ်ဖန်ပြန်သုံးသင်္ကေတ အလယ်မှာ 1 လို့ ရေးထားတဲ့ ပလတ်စတစ်အမျိုးအစားတွေကို ၂၀.၉% ခန့် တစ်ဖန်ပြန်သုံးဖြစ်တယ်လို့ Greenpeace က ဆိုပါတယ်။
နံပါတ် 3 ကနေ 7 အထိ ပလတ်စတစ်အမျိုးအစားတွေကို ၅% အောက်သာ တစ်ဖန်ပြန်သုံးဖြစ်ကြပါတယ်။ 

ပလတ်စတစ် လူသုံးကုန်ပစ္စည်းတွေကို ၇ မျိုး ခွဲခြားထားပါတယ်။ 
တစ်ဖန်ပြန်သုံးသင်္ကေတ အလယ်မှာ 1 ဖော်ပြထားတဲ့ PET နှင့် 2 ဖော်ပြထားတဲ့ HDPE တို့ ၂ မျိုးက တစ်ဖန်ပြန်သုံးမှု အများဆုံး ဖြစ်ပါတယ်။
PET က polyethylene terephthalate ကို ဆိုလိုပါတယ်။ အချိုရည် ဘူးခွံ၊ ရေသန်းဘူးခွံ အစရှိသည်တို့ ထုတ်လုပ်တဲ့ အကြည်သား ဖြစ်ပါတယ်။
HDPE ကိုတော့ ၁၀.၃% ဝန်းကျင် တစ်ဖန်ပြန်သုံးဖြစ်ကြပါတယ်။
HDPE က high-density polyethylene ကို ဆိုလိုပါတယ်။ ခေါင်းလျှော်ရည်ဘူးခွံ၊ ဆပ်ပြာရည်ဘူးခွံ အစရှိသည်တို့ ထုတ်လုပ်တဲ့ အမာသား ဖြစ်ပါတယ်။

.ပလတ်စတစ် နံပါတ် 3 က polyvinyl chloride ဖြစ်ပြီး PVC ထုတ်လုပ်ပါတယ်။

နံပါတ် 4 က LDPE  low-density polyethylene ဖြစ်ပါတယ်။ ပေါင်မုန့် ထည့်တဲ့ ပလတ်စတစ်အိတ် ထုတ်လုပ်တဲ့ အသားပါးပါး ဖြစ်ပါတယ်။

နံပါတ် 5 က PP polypropylene ဖြစ်ပါတယ်။ နို့ထွက်ပစ္စည်း အရည်ထည့်ဖို့ ဘူး ထုတ်လုပ်ပါတယ်။ 

နံပါတ် 6 က PS Polystyrene ဖြစ်ပြီး စားသောက်ဆိုင်တွေမှာ ဟင်းထည့်တဲ့ ဘူးအကြည်သား ထုတ်လုပ်ပါတယ်။ 

နံပါတ် 7 က အခြား ပလတ်စတစ် အမျိုးမျိုး ဖြစ်ပါတယ်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tips Read 489 times