Ray-Ban နေကာမျက်မှန် ကမ္ဘာ့အကြီးမားဆုံးစက်ရုံ ထိုင်းနိုင်ငံတွင် တည်ဆောက်ပြီးစီး


21 October, 2023

Ray-Ban နေကာမျက်မှန် ကမ္ဘာ့အကြီးမားဆုံးစက်ရုံ ထိုင်းနိုင်ငံတွင် တည်ဆောက်ပြီးစီး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Ray-Ban နေကာမျက်မှန်များကို ထုတ်လုပ်သည့် Essilor Luxottica သည် အာရှ-ပစိဖိတ်ဒေသအတွက် ထုတ်လုပ်မှုဗဟိုချက်အဖြစ် ဆောင်ရွက်မည့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ စက်ရုံကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။

ပြင်သစ်မှ Essilor နှင့် အီတလီနိုင်ငံ Luxottica တို့ ၂၀၁၈ ခုနှစ်တွင် ပူးပေါင်းခဲ့ကြသည့် ပြင်သစ် အခြေစိုက် EssilorLuxottica သည် ကမ္ဘာ့အကြီးဆုံး မျက်မှန်ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်ပါသည်။ 

၎င်းစက်ရုံသည် ရယောင်ပြည်နယ်တွင် တည်ရှိပြီး နိုဝင်ဘာလတွင် စတင်လည်ပတ်မည်။ တရက်လျှင် မျက်မှန် အလက်ပေါင်း ၅ သောင်းအထိ ထုတ်လုပ်နိုင်သည်။
အကျယ်အဝန်း ၂၂၀,၀၀၀ စတုရန်းမီတာ ရှိသည့် ၎င်းစက်ရုံသည် ကမ္ဘာ့အကြီးမားဆုံး မျက်မှန်စက်ရုံ ဖြစ်ပါသည်။

မျက်မှန်အတွက် မှန်များ၊ ကိုင်းများ၊ နေကာမှန်များ အစရှိသည်တို့ကို ထုတ်လုပ်မည်။
၃ နှစ်မှ ၅ နှစ်အတွင်း လုပ်သားအင်အား ၆,၀၀၀ အထိ ရှိလာမည် ဖြစ်သည်။

စက်ရုံအတွက် ဘတ် ၁၆ ဘီလီယံ  ($440 million) ရင်းနှီးမြှုပ်နှံထားပါသည်။

 
Source Nikkei Asia 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 280 times