မြန်မာမြေရှားသတ္တုများ တရုတ်ပြည်သို့ ပေးပို့သည့် ပမာဏ ၉ ဆ မြင့်တက်ခဲ့


20 July, 2023

မြန်မာမြေရှားသတ္တုများ တရုတ်ပြည်သို့ ပေးပို့သည့် ပမာဏ ၉ ဆ မြင့်တက်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကမ္ဘာ့မြေရှားသတ္တုများ ထုတ်လုပ်မှုတွင် အများဆုံး ထုတ်လုပ်သည့် ထိပ်တန်း ၅ နိုင်ငံတွင် စတုတ္ထအများဆုံးဖြစ်သော မြန်မာနိုင်ငံမှ မြေရှားသတ္တုရုိင်းများကို တရုတ်နိုင်ငံက ယခုနှစ် ပထမ ၆ လတွင် တန်ချိန် ၃၄,၂၄၁  ရယူခဲ့သည်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ထက် ၇၀% ပိုများသည်။ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ထက် ၉ ဆ ပိုများသည်။

 မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသို့ မြေရှားသတ္တုများ ဒုတိယအများဆုံး ပေးပို့နေသည့်နိုင်ငံ ဖြစ်လာခဲ့သည်။
dysprosium, yttrium, terbium အစရှိသော မြေရှားသတ္တုအမျိုးမျိုးကို ပေးပို့ခဲ့သည်။ 
တရုတ်နိုင်ငံတွင် ကိုဗစ် သုည မူဝါဒ ကျင့်သုံးစဉ် ကာလတစ်လျှောက် နယ်ခြားဖြတ်ကျော်မှုများကို တင်းကျပ်ထားသဖြင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုအမျိုးမျိုး ပေးပို့သည့် ပမာဏ လျော့ကျခဲ့သည်။
ကိုဗစ် သုည မူဝါဒ ယတိပြတ် ရုပ်သိမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ပေးပို့သည့် ပမာဏ မြင့်တက်ခဲ့ရာ ၂၀၂၃ ခုနှစ် ပထမ ၆ လ ကာလတစ်လျှောက်လုံး မြင့်မားနေခဲ့ပါသည်။

 

တရုတ်နိုင်ငံ မြေရှားသတ္တုများ တင်ပို့သည့် နိုင်ငံများတွင် အမေရိကန်သည် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်ပါသည်။

ယခုနှစ် ပထမ နှစ်ဝက်တွင် အမေရိကန် မြေရှားသတ္တုများ တရုတ်ပြည်သို့ တင်ပို့သည့်ပမာဏသည် ယခင်နှစ်ကထက် ၂၁% လျော့ကျခဲ့သည်။ တန်ချိန် ၃၈,၂၃၆ တင်ပို့ခဲ့သည်။

မြေရှားသတ္တုရိုင်းများကို သန့်စင်သည့်လုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံက ကြီးစိုးထားသည်။ 
လျှပ်စစ်ကားများအတွက် အလွန်အရေးပါသည့် သံလိုက်များနှင့် ဘက်ထရီများ ထုတ်လုပ်ရာတွင် မြေရှားသတ္တုအမျိုးမျိုးကို အသုံးပြုသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံထံမှလည်း မြေရှားသတ္တုများ ရယူပါသည်။ သို့သော် ပမာဏ နည်းပါးပါသည်။

မြေရှားသတ္တုများ၏ ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တဆယ်နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှုများ ဖြစ်ပွားနေသဖြင့် ဈေးမြင့်တက်ခဲ့ရခြင်း ဖြစ်ပါသည်။
ယခုအခါ အကျဘက်သို့ ပြန်လည်ရောက်ရှိနေပြီး ၃ နှစ်တာအတွင်း အနိမ့်ဆုံးအထိ ကျဆင်းပါသည်။
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 329 times