တန်းစီနေရတဲ့မြို့


21 August, 2022

တန်းစီနေရတဲ့မြို့

 ရှိနှင့်ပြီးသား အကျပ်အတည်းများထဲစက်သုံးဆီ ဈေးနှုန်းများ မြင့်တက်၊ ဟင်းချက်ဆီ ဈေးနှုန်းများ မြင့်တက်၊ ဆန်ဈေးနှုန်းများ မြင့်တက်သဖြင့်  စားရေး နေရေး ပိုခက်ခဲလာနေပါတယ်။ 
စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့မှာ  မုတ်သုံမိုးအောက်တွင် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးတဲ့ ဟင်းချက်ဆီဖြစ်တဲ့ စားအုန်းဆီ ဝယ်ယူဖို့ လူအများအပြား မတ်တတ်ရပ်တန်းစီစောင့်ဆိုင်းနေကြပါတယ်။ စားအုန်းဆီဟာ စီးပွားရေးကျပ်တည်းမှုကြောင့် မြို့ပြတွင် ရှားပါးလာနေသည့် ကုန်စည်များစွာထဲမှ တစ်ခုဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ဂယက်ကြောင့် ကမ္ဘာ့ကုန်ဈေးနှုန်း မြင့်တက်မှုက လူနေမှု အဆင့်အတန်းကို ထုနှက်နေပါတယ်။ ထမင်းစားတဲ့ စားပွဲပေါ်ကို စားစရာ ရောက်လာနိုင်ဖို့အတွက်  ပေးကမ်းလှူဒါန်းမှုဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းရောင်းဖို့ စိုက်ထုတ်ကျခံပြီး ရောင်းချပေးတာကိုဖြစ်စေ ဝယ်ယူရရှိဖို့ ကြိုးပမ်းအားထုတ်ကြရပါတယ်။


"ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေကုိ စားစရာအတွက်   လူတွေ  များများမသုံးနိုင်ကြ‌ေတာ့ဘူး” လို့ အသက် ၅၅ နှစ်အရွယ် အိမ်ရှင်မ ဒေါ်ခင်ခင်သန်းက ပြောကြားပါတယ်။ သူမရဲ့ လက်ထဲမှာ ပလတ်စတစ် ဘူးခွံတစ်ခုကို ကိုင်ထားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အစိုးရ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးတဲ့  စားအုန်းဆီကို ဝယ်ဖို့ မတ်တတ်တန်းစီရင်း စောင့်ဆိုင်းနေပါတယ်။ ဈေးကွက်ပေါက်ဈေးက ကျပ် ၅,၀၀၀ ကနေ ကျပ် ၉,၀၀၀ သို့ ခုန်တက်ခဲ့ပါတယ်လို့ သူမက ပြောကြားပါတယ်။  အစိုရးသတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေး ခေါက်ချိုးမက ကွာနေတာပါ။

"မိသားစုမှာ တစ်ယောက်ပဲ အလုပ်လုပ်ရင် မိသားစု စားရေးသောက်ရေးအတွက် ပိုက်ဆံ သိပ်မကျန်ဘူး' လို့ သူမက ပြောပြပါတယ်။

ဇူလိုင်လတွင် ကမ္ဘာ့ဘဏ်က "မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အမျိုးသားဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်နေကြသည်"လို့ ဆိုပါတယ်။

စားသုံးသူစျေးနှုန်းညွှန်းကိန်းသည် မတ်လတွင် ငွေကြေးဖောင်းပွမှု ၁၇.၃% ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က တင်ပြထားပါတယ်။

သယ်ယူ ပို့ဆောင်ရေး စရိတ်စကများ တိုးမြင့်လာခြင်းကြောင့် လည်းကောင်း၊ စစ်တပ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသမားများအကြား တိုက်ပွဲများက တိုင်းပြည်  နေရာအနှံ့ကို စစ်မြေပြင်အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့်လည်းကောင်း ဆန်ဈေး တက်လာခဲ့ပါတယ်။


အစိုးရ ကျောထောက်နောက်ခံပြု Global New Light of Myanmar သတင်းစာသည်ပင်လျှင် ဆန်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ ဘတ်စ်ကား ခရီးသွားလာမှုနှင့် အငှားစရိတ်များ မြင့်တက်မှုတို့ကို နေ့စဉ်နီးပါး အစီရင်ခံတင်ပြနေပါတယ်။

စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်ပါတယ်။ ရန်ကုန်လက်လီဈေးနှုန်း ဩဂုတ်လ ၂၀ ရက်မှာ 92 Ron တစ်လီတာ ကျပ် ၂,၄၀၀  ဖြစ်ပါတယ်။
အာဏာမသိမ်းခင် တစ်ရက်အလိုမှာ ဈေးနှုန်းက  ၆၉၅ ကျပ် ဖြစ်ပါတယ်။
စက်သုံးဆီဆိုင်တွေမှာ ကားတွေ တန်းအရှည်ကြီး စီထားကြတာ မြင်ရနေကျ ဖြစ်ပါတယ်။ 


သီလဝါတွင် စက်သုံးဆီ ထုတ်ယူဖို့ကိုလည်း ညအိပ်တန်းစီကြရသည်။ Ron  92 ထုတ်ယူရန် DENKO Point တစ်ခုတည်းတွင်သာ  စုပြုံထုတ်ယူရန် တန်းစီနေကြရကြောင်း ဩဂုတ်လ ၂၁ ရက်နေ့မှာ သီလဝါမှာ စက်သုံးဆီ ထုတ်ဖို့ ကြိုးစားနေသူတစ်ဦးက ပြောကြားပါတယ်။ 

စက်သုံးဆီ  အကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ဖွဲ့စည်းကြောင်း ဩဂုတ်လလယ်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

မည်သည့်အချိန်တွင် စတင်မည် သို့မဟုတ် မည်သို့စတင်မည်ကို အသေးစိတ် ပြောကြားခြင်းမရှိပေ။

လူတော်တော်များများက ပရဟိတအလှူကို အားကိုးပြီး အလျဉ်းသင့်သလို ဝမ်းရေးဖြေရှင်းကြပါတယ်။ အဲဒီအတွက်လည်း တန်းစီကြရပါတယ်။

"အိမ်မှာ ထမင်းချက်ရင် လျှပ်စစ်မီးမရှိဘူး။  ဆန်က ဈေးကြီးတယ်။ ချက်ပြုတ်ဖို့ စရိတ်က ပင်စင်စားတစ်ဦးအဖို့ များလွန်းနေပါတယ်"လို့ အသက် ၆၈ နှစ်ရှိသူ လေးလေးက ပြောကြားပါတယ်။ သူက  ဟင်းနှင့် ထမင်း အခမဲ့စားရန် ဘုန်းကြီးကျောင်းတွင် တန်းစီစောင့်ဆိုင်းနေတဲ့ ရာနှင့်ချီရှိသူများထဲမှ တစ်ဦးဖြစ်ပါတယ်။

ပရဟိတ ဒါနကို ကြီးကြပ်တဲ့ အရှင်ဥတ္တမသီရီက သူ့ဘုန်းကြီးကျောင်းက ထမင်းစားလက်မှတ် ခုရေ ၅၀၀ နေ့စဉ်ပေးဝေတဲ့အကြောင်း မိန့်တော်မူပါတယ်။ အလှူရှင်တွေ ပေးလှူထားတဲ့ ချက်ပြုတ်စရာအဖြာဖြာကို ဘုန်းကြီးတွေက ချက်ပြုတ်ပေးကြကြောင်း မိန့်တော်မူပါတယ်။


"ဒါပေမဲ့ တချို့ရက်တွေမှာ လူပေါင်း ၆၀၀ ကျော်လောက်ရှိတယ်။ ထမင်းနဲ့ ဟင်းတွေ ကုန်သွားရင် ကိတ်မုန့်၊ အဆာပြေစားဖို့ သွားရည်စာနဲ့ သစ်သီးတွေ ပေးတယ်" လို့ မိန့်ကြားပါတယ်။

"ကိုယ်တော်က လူတော်တော်များများအတွက် အမိုးအကာ နေစရာ မပေးနိုင်ပေမဲ့ အစားအသောက်ကိုတော့ မျှဝေပေးနိုင် ပါတယ်။ ဒီတော့ ကိုယ်တော်တို့ ဘုန်းပေးတဲ့အတိုင်း သူတို့လည်း စားရပါတယ်" 
 ဒါကြောင့် လူတွေက ကျွန်တော် ကြိုက်သလို ကျွေးမှာပါ"လို့ မိန့်ကြားပါတယ်။
 #MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
ကိုးကား: Bangkokpost 

Local News Read 493 times