တရုတ်နိုင်ငံက ကာတာ LNG ဒုတိယအကြိမ်မြောက် အမြောက်အမြားဝယ်ယူ


15 February, 2023

တရုတ်နိုင်ငံက ကာတာ LNG ဒုတိယအကြိမ်မြောက် အမြောက်အမြားဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံတွင် ဓာတ်ငွေ့ အမြောက်အမြားကို အများဆုံးတင်သွင်းသည့် China National Petroleum Corporation (CNPC) ကာတာနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် liquefied natural gas- LNG အမြောက်အမြားကို နှစ်ရှည်တင်သွင်းရန် ဆွေးနွေးညှိနှိုင်းမှုများ အပြီးသတ်ခါနီးပြီ ဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

၎င်းအရောင်းအဝယ်စာချုပ်သည် လအနည်းငယ်အတွင်း တရုတ်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုနှင့် QatarEnergy တို့၏ ဒုတိယမြောက် ကြီးမားသောသဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။

 "CNPC သည် Sinopec နှင့် အလားတူဖြစ်မည့် သဘောတူညီချက်မျိုးဖြင့် ကာတာနှင့် အဓိက စည်းမျဥ်းစည်းကမ်းများကို သဘောတူညီခဲ့သည်" ဟု ပေကျင်းအခြေစိုက် နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းမှ အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကာတာနိုင်ငံပိုင်ကုမ္ပဏီ QatarEnergy သည် LNG လုပ်ငန်းကဏ္ဍသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး အရောင်းအဝယ် စာချုပ်ဖြစ်သည့် သက်တမ်း  ၂၇ နှစ်ကြာ LNG အရောင်းအဝယ် စာချုပ်ကို တရုတ်အစိုးရစွမ်းအင်ကုမ္ပဏီ Sinopec သို့ LNG ရောင်းချရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
၎င်းသဘောတူညီချက်အရ QatarEnergy သည် North Field East (NFE) ဓာတ်ငွေ့သိုက် တိုးချဲ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ LNG တစ်နှစ်လျှင် တန်ချိန် ၄ သန်း (million tons per annum MTPA) ကို  China Petroleum & Chemical Corporation (Sinopec) ထံ ရောင်းချပေးမည်ဖြစ်သည်။
.
ကာတာမှ North Field East  (NFE) ဓာတ်ငွေ့သိုက်စီမံကိန်းသည် ၂၀၁၆ ခုနှစ်တွင် LNG စတင် တင်ပို့နိုင်မည်ဖြစ်ပြီး  North Field South  (NFS) ဓာတ်ငွေ့သိုက် စီမံကိန်းသည် ၂၀၂၇ ခုနှစ်တွင် LNG စတင် တင်ပို့နိုင်မည် ဖြစ်သည်။

ယခုအခါ အမေရိကန်နိုင်ငံ၊ ကာတာနိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့သည် LNG အများဆုံး တင်ပို့နေကြသည့် နိုင်ငံများ ဖြစ်သည်။
 
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 253 times