သဘာဝဓာတ်ငွေ့ရည် အများဆုံးတင်ပို့သည့် နိုင်ငံ သရဖူ အမေရိကန်ထံမှ ကာတာ ပြန်ယူ


04 May, 2022

သဘာဝဓာတ်ငွေ့ရည် အများဆုံးတင်ပို့သည့် နိုင်ငံ သရဖူ ကာတာ ပြန်ယူ

 

ကာတာနိုင်ငံက သဘာဝဓာတ်ငွေ့ရည် LNG အများဆုံးတင်ပို့သည့် နိုင်ငံ သရဖူကို အမေရိကန်ထံမှ ပြန်လည်ရယူလိုက်ပါတယ်။
ကမ္ဘာ့မြောက်ခြမ်း ဆောင်းရာသီ ကုန်လွန်သဖြင့် အပူဓာတ်ရဖို့ သုံးစွဲမှု လျော့နည်းသွားလို့ သဘာဝဓာတ်ငွေ့ရည် ဝယ်လိုအား ကျဆင်းသဖြင့် အမေရိကန်နိုင်ငံရဲ့ ပြည်ပတင်ပို့မှု ပမာဏ လျော့ကျသွားပါတယ်။

အမေရိကန်နိုင်ငံမှ ဧပြီလအတွင်း LNG တန်ချိန် ၇.၁ သန်း တင်ပို့ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှ LNG ပြည်ပတင်ပို့မှု စုစုပေါင်းရဲ့ ၆၄% ကို ဥရောပသို့ တင်ပို့ခဲ့ပါတယ်။ ဥရောပသို့ အများဆုံး တင်ပို့တာ ၅ လ ဆက်တိုက် ရှိပါပြီ။ 

ကာတာနိုင်ငံက ဧပြီလမှာ ပြည်ပသို့ LNG တန်ချိန် ၇.၅ သန်း တင်ပို့ခဲကြောင်း ရေနံစိမ်းတင်သင်္ဘောသွားလာမှုများ မှတ်တမ်းထားရှိတဲ့ Bloomberg. Maintenance at Qatargas မှာ ဖော်ပြထားပါတယ်။ 

 

 

အမေရိကန်နှင့် ကာတာ နိုင်ငံများက ကမ္ဘာ့ LNG ဈေးကွက်မှာ ဝေစုအများဆုံး ဆက်လက်ရယူထားကြဦးမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ်မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ Calcasieu Pass  ပြည့်ပပို့ကုန် ဆိပ်ကမ်း ယခုနှစ် အနှောင်းပိုင်းမှာ ပြီးစီးသွားတဲ့အခါ အမေရိကန်နိုင်ငံမှ LNG တင်ပို့နိုင်စွမ်း ပမာဏ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ တစ်ရက်လျှင်  LNG ကုဗပေ ၁၃.၉ ဘီလျံအထိ တင်ပို့ပေးနိုင်စွမ်း ရရှိသွားမှာ ဖြစ်ပါတယ်။ 

Energy News Read 8324 times