ကာတာက ကမ္ဘာ့အကြီးမားဆုံး LNG စီမံကိန်းကို TotalEnergies နှင့် Eni  တို့နှင့် လုပ်ကိုင်မည်


21 June, 2022

Qatar က ကမ္ဘာ့အကြီးမားဆုံး LNG စီမံကိန်းကို TotalEnergies နှင့် Eni  တို့နှင့် လုပ်ကိုင်မည်

Qatar က ကမ္ဘာ့အကြီးမားဆုံး LNG စီမံကိန်းကို တိုးချဲ့လု်ကိုင်ရန်  TotalEnergies နှင့် Eni  တို့နှင့် အတူလက်တွဲပြီး  North Field Expansion အစီအစဉ်ကို အကြီးအကျယ် လုပ်ကိုင်မှာ ဖြစ်ပါတယ်။

North Field Expansion  အစီအစဉ်မှာ LNG စက်ရုံ ၆ ခု ပါဝင်ပြီး ကာတာနိုင်ငံရဲ့ ငွေ့ရည်ဖွဲ့နိုင်စွမ်းပမာဏကို တစ်နှစ်လျှင် မက်ထရစ်တန် သန်းပေါင်း (million tons per year -mtpy) ၁၁၀ ထုတ်ပေးနိုင်စေမှာ ဖြစ်ပါတယ်။ 

ကာတာနိုင်ငံက ပြင်သစ်မှာ TotalEnergies နှင့်လည်းကောင်း၊ အီတလီမှ  Eni နှင့်လည်းကောင်း လက်တဲဖို့ သီးခြားစီ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး LNG စီမံကိန်း ဖြစ်တဲ့ North Field Expansion စီမံကိန်းကို အကောင်အထည် ဖော်တော့မှာ ဖြစ်ပါတယ်။ စီမံကိန်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ဖြစ်ပါတယ်။ 
ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီး Saad al-Kaabi က သဘောတူစာချုပ်အရ စီမံကိန်းမှာ TotalEnergies က ၂၅% ပါဝင်မှာ ဖြစ်ပြီး  Eni  ကလည်း ၂၅% ပါဝင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အကောင်အထည်ဖော်ဖို ကြန့်ကြာနေခဲ့တဲ့ North Field Expansion စီမံကိန်းက ကာတာနိုင်ငံရဲ့ ငွေ့ရည်ဖွဲ့ပေးနိုင်တဲ့ပမာဏကို စက်ရုံ ၄ ရုံ ထပ်တိုးခြင်းဖြင့် ၇၇  mtpy မှ ၁၁၀ mtpy သို့ ၂၀၂၅ ခုနှစ်မှာ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ နောက်ထပ် စက်ရုံနှစ်ရုံ ၂၀၂၇ မှာ ပြီးစီးတဲ့အခါ ၁၂၆ mtpy ထုတ်လုပ်နိုင်တဲ့အဆင့်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ 


North Dome  လို့လည်း ခေါ်ဝေါ်ကြတဲ့ အင်မတန်ကြီးမားတဲ့ ဓာတ်ငွေ့သိုက် North Field ဟာ ၉,၇၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဓာတ်ငွေ့ အနည်းဆုံး ထရီလီယံ ကုဗပေ  (trillion cubic feet -Tcf) ၁,၈၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

North Field Expansion မှ ထုတ်လုပ်မယ့် LNG များရဲ့ ထက်ဝက်ကို အာရှဈေးကွက်သို့ တင်ပို့မှာဖြစ်ပြီး ကျန်ထက်ဝက်ကို ဥရောပဈေးကွက်သို့ တင်ပို့မှာ ဖြစ်ပါတယ်။ 
 #MyanmarIndustryGuide
Source: oilprice

Energy News Investment/Divestment Read 496 times