PTTEP မလေးရှားတွင် တိုးချဲ့ လုပ်ကိုင်


20 February, 2023

PTTEP မလေးရှားတွင် တိုးချဲ့ လုပ်ကိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး PTT Exploration and Production Plc (PTTEP)  သည် မလေးရှားတွင် ခြေကုပ်ရရှိရန် တိုးချဲ့လုပ်ကိုင်လျက်ရှိရာ မလေးရှားမှ ကုမ္ပဏီနှစ်ခုနှင့် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ကာ ရေနံနှင့်ဓာတ်ငွေ့ ရင်းမြစ်အသစ်များကို ရှာဖွေတူးဖော်မည်၊
PTTEP ၏ ရှာဖွေတူးဖော်ရေး လက်တံ PTT Plc သည် Petronas နှင့် Petroleum Sarawak Exploration & Production Sdn (PSEP) တို့နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး  ဘောနီရိုကျွန်း မြောက်ပိုင်း စာရာဝပ်ကမ်းရိုးတန်း ကမ်းလွန် ရေနံတူးဖော်ရေး လုပ်ကွက် SK325 ကို လုပ်ကိုင်မည်။

 


PTTEP မှ အပြည့်အဝပိုင်ဆိုင်သည့် PTTEP Sarawak Oil က ဖက်စက်လုပ်ငန်းတွင် ရှယ်ယာ ၃၂.၅% ပိုင်ဆိုင်သည်။ ၆၀% ကို Petronas က ပိုင်ဆိုင်သည်။ ကျန်ရှိသည့် ၇.၅%  ကို  PSEP က ပိုင်ဆိုင်သည်။ 

အဆိုပါ ဖက်စပ်လုပ်ငန်းသည် 3D seismic survey  နှင့် အခြားနည်းပညာဆိုင်ရာ လေ့လာမှုများကို ယခုနှစ်နှင့် နောက်နှစ်တွင် လုပ်ဆောင်ပြီး ရေနံထုတ်လုပ်မှုအတွက် အလားအလာများကို အကဲဖြတ်ရန် စီစဉ်ထားသည်။

PTTEP လုပ်ကိုင်သည့် SK309 နှင့် SK311 လုပ်ကွက်များ အပါအဝင် အနီးပတ်ဝန်းကျင်လုပ်ကွက်များတွင် ရေနံ ရှာဖွေတွေ့ရှိခဲ့သည်။ 

PTTEP သည် ၂၀၂၂ ခုနှစ်တွင် လုပ်ကွက် SK325 မှာ ကမ်းလွန်ရှာဖွေရေးအတွက် Petronas နှင့် ထုတ်လုပ်မှု ခွဲဝေရယူရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

PTTEP သည် SK325 ပရောဂျက်အတွက် ၎င်း၏ စူးစမ်းရှာဖွေမှုကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။ 
 အရင်းအနှီးကို ၅-နှစ် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ဖြင့် ခွဲဝေသုံးစွဲမည် ဖြစ်ပြီး စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၂၉.၁ ဘီလီယံ ဖြစ်ပါသည်။ သုံးစွဲမည့်ကာလမှာ ၂၀၂၃ မှ ၂၀၂၇ ခုနှစ်အထိ ဖြစ်ပါသည်။ 
Source bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Investment/Divestment Read 439 times