PTT ယခုနှစ်တွင် LNG ပိုမိုတင်သွင်းမည်


20 May, 2023

PTT ယခုနှစ်တွင် LNG ပိုမိုတင်သွင်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc သည် ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG)  တန်ချိန် ၆ သန်းအထိ တိုးမြှင့်တင်သွင်းသွားရန် စီစဉ်နေသည်။ ယမန်နှစ်က တန်ချိန် ၃.၃ သန်း တင်သွင်းခဲ့သည်။ ယခုနှစ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာသဖြင့် ဓာတ်အားသုံးစွဲမှု ပိုများလာသည်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် LNG ပိုမိုတင်သွင်းပြီး ဓာတ်အား ပိုမို ထုတ်လုပ်မည် ဖြစ်သည်။
ထို့ပြင် ပြည်တွင်း LNG သိုလှောင်ပမာဏ တိုးမည့် အစိုးရ မူဝါဒအရ LNG ပိုမိုတင်သွင်းပေးဖို့ လိုအပ်ပါသည်။
.
 PTT သည် ယခုနှစ်အတွင်း LNG တန်ချိန် ၄ သန်းကျော် တင်သွင်းခဲ့ပြီးပြီ ဖြစ်သည်။
.
လက်ရှိ LNG ပေါက်ဈေးမှာ MMBTU (million British thermal unit)  တစ်ယူနစ်ကို $9.4 ဖြစ်ပြီး ယမန်နှစ်ကထက် များစွာသက်သာသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် LNG စျေးနှုန်းများသည်  MMBTU တစ်ယူနစ် လျှင် $35-40 ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။
.
ဆောင်းရာသီတွင် အပူဓာတ်ရဖို့ LNG အသုံးများသဖြင့် LNG ဈေးတက်နေကျဖြစ်ပြီး ယခုနှစ်တွင်  MMBTU တစ်ယူနစ်လျှင် $15-16 ထက် မပိုနိုင်ဟု ခန့်မှန်းထားကြသည်။ ယမန်နှစ်ဈေးနှုန်း $30 သို့ ပြန်မရောက်နိုင်ဟု ယူဆကြသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 464 times