​​​​​​​ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ဦးနိုင်အေးလင်း အား ခန့်အပ်တာဝန်ပေး 


02 August, 2022

ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ဦးနိုင်အေးလင်း အား ခန့်အပ်တာဝန်ပေး 

 Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ဦးနိုင်အေးလင်းအား ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ အတည်ပြုချက် ရရှိပြီးဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစပြီး တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဦးနိုင်အေးလင်းသည် မြန်မာနိုင်ငံတွင် ပရူဒန်ရှယ်အာမခံ၏ အသက်အာမခံလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် တာဝန်ယူလုပ်ကိုင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ လူအများအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အာမခံထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုလက်လှမ်းမီ ရယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ဦးနိုင်အေးလင်းသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး နယူးယောက်မြို့နှင့် လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဘဏ်များတွင် (၂၄) နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။ ပြည်ပတွင် (၂၈) နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ရိုးမဘဏ်တွင် Transformation officer အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားနှစ်ယောက် ရှိပါသည်။

ယခုအခါ ဦးနိုင်အေးလင်းသည် ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ပရူဒန်ရှယ်အာမခံ၏ Strategic Business Group ၊ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Solmaz Altin ၏ လမ်းညွှန်မှုအောက်တွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

Solmaz Altin က “ပရူဒန်ရှယ်အာမခံရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် အခုလို ဦးနိုင်အေးလင်းကို ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဦးနိုင်အေးလင်းက ပြည်တွင်း၊ ပြည်ပ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဈေးကွက်အမြင်တွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေ အများကြီး ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ဒီလို ကျွမ်းကျင်သူတစ်ဦးကို အမှုဆောင်အရာရှိချုပ် ခန့်အပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက customer တွေရဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်ပေါ်လွင်စေတဲ့အပြင် ပရူဒန်ရှယ်ရဲ့ လုပ်ငန်းတိုးချဲ့မှုတွေကို အရှိန်မြှင့်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

“ပရူဒန်ရှယ်အာမခံကို ဦးစီးဦးဆောင်သွားဖို့ဆိုတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ အခွင့်အလမ်းကြီးတစ်ခု ရလိုက်သလိုပါပဲ။ ပရူဒန်ရှယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်အဖြစ် နိုင်ငံတကာမှာ ထင်ရှားကျော်ကြားပြီးသားဆိုတော့ မြန်မာနိုင်ငံက ပရူဒန်ရှယ်အာမခံရဲ့ အရည်အချင်းပြည့်ဝတဲ့ အဖွဲ့သားတွေနဲ့ လက်တွဲပြီး မြန်မာပြည်သူတွေအတွက် ပိုစိတ်ချရပြီး ပိုကျန်းမာတဲ့ အနာဂတ်တစ်ခု ဆောင်ကြဉ်းပေးနိုင်မယ့် အာမခံထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ဖန်တီးပေးအပ်သွားဖို့ မျှော်လင့်နေပါပြီ” ဟု ဦးနိုင်အေးလင်း က ပြောသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ရန် ပံ့ပိုးကူညီသွားမည်ဆိုသော ရည်မှန်းချက်နှင့်အညီ ပရူဒန်ရှယ်အာမခံသည် နိုင်ငံအတွင်းရှိ လူအများအတွက်  ကျန်းမာရေးနှင့်ငွေကြေးဆိုင်ရာ အကာအကွယ်များစွာကို ပိုမို လက်လှမ်းမီလာကြစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ရည်မှန်းချက်ကို ဗဟိုပြုပြီး AI နည်းပညာအသုံးပြု ကျန်းမာပျော်ရွှင်ရေး အက်ပလီကေးရှင်းဖြစ်သော Pulse by Prudential ကို ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့ပါသည်။ ယနေ့အထိ Pulse အက်ပလီကေးရှင်းကို အာရှနှင့်အာဖရိက ဒေသရှိ ဈေးကွက် (၁၇) ခုတွင် အကြိမ်ရေ (၃၂) သန်းကျော် ဒေါင်းလုတ်ပြုလုပ်ထားပြီးဖြစ်သည်။

 

Prudential Myanmar Life Insurance အကြောင်း

ပရူဒန်ရှယ်အာမခံသည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

 

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance 

ဝက်ဘ်ဆိုက် http://www.prudential.com.mm/

  နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance

 တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential သည် လူတို့၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ပန်းတိုင်ရောက်ရှိအောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc လုပ်ငန်းသည် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းနှင့် လူတိုင်းအတွက် ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်အောင် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၈ မီလီယံကျော်ရှိပြီး လန်ဒန် (PRU) ၊ ဟောင်ကောင် (2378) ၊ စင်ကာပူ (K6S) နှင့် နယူးယောက် (PUK) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။

 Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။

 

ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း၏ ကိုယ်ရေးအကျဉ်း

ဦးနိုင်အေးလင်းသည် ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ပရူဒန်ရှယ်အာမခံ၏ Strategic Business Group ၊ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Solmaz Altin ၏ လမ်းညွှန်မှုအောက်တွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

သူသည် ပြည်ပတွင် (၂၈) နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် ပြန်လည် ရောက်ရှိခဲ့ပြီး အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သားနှစ်ယောက် ရှိပါသည်။ ပရူဒန်ရှယ်အာမခံတွင် တာဝန်မထမ်းဆောင်မီ မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်တွင် အကြီးပိုင်း ရာထူးနေရာ အမျိုးမျိုးတွင် ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ဘဏ်၏ နည်းဗျုဟာမြောက် စီးပွားရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တာဝန်ယူ ဦးဆောင်ခဲ့သည်။

ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဦးနိုင်အေးလင်းသည် Head of Transformation ၊ Chief Customer Officer ရာထူးများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲပေါင်း (၈၀) ချိတ်ဆက်ထားသော ကွန်ရက်အတွင်း လက်လီဘဏ်ဝန်ဆောင်မှု ပေးအပ်နေသော ဝန်ထမ်းပေါင်း (၁,၈၀၀) ကျော်အား ဦးဆောင်ရသည့် Head of Branches အဖြစ် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းများစွာကို ဦးဆောင်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်မရောက်ရှိမီ ဦးနိုင်အေးလင်းသည် နယူးယောက်နှင့် လန်ဒန်မြို့တို့ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းနယ်ပယ်တွင် (၁၈) နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး UBS Investment Bank ၊ JP Morgan နှင့် Bank of America Merrill Lynch တို့တွင် အကြီးတန်း ရာထူးနေရာများကို တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်သည်။ ဦးနိုင်အေးလင်းသည် Financial Mathematics မဟာသိပ္ပံဘွဲ့ ရရှိထားသူလည်းဖြစ်သည်။ သူသည် အားလပ်ချိန်များတွင် ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ မိသားစုနှင့် အချိန်ကုန်ဆုံးခြင်းတို့ ပြုလုပ်ရသည်ကို နှစ်သက်သူတစ်ဦး ဖြစ်ပါသည်။

 

Prudential Myanmar Life Insurance Appoints Naing Aye Lynn As New CEO

Prudential Myanmar Life Insurance (PMLI) today announced Naing Aye Lynn as Chief Executive Officer (CEO) designate effective 1 August 2022, subject to regulatory approval. Naing will be responsible for driving Prudential’s life business in Myanmar to make health and wellness solutions accessible and affordable to more people in the country.

Naing, a native Burmese, has more than 24 years of experience working across global investment and commercial banks in New York and London. After living abroad for 28 years, Naing, who is married with two sons, returned to Myanmar in June 2017 and was appointed as Head of Transformation at Yoma Bank.

He has now joined Prudential Myanmar as Chief Executive Officer and reports to Solmaz Altin, Managing Director, Strategic Business Group, Prudential.

Solmaz Altin said: “I am delighted to have Naing Aye Lynn onboard as the CEO of Prudential Myanmar. Naing brings with him invaluable market insights and a wealth of experience in the financial services industry in Myanmar and abroad. His appointment reflects our commitment to meeting the evolving customer needs, as well as accelerating our growth in Myanmar.”

Naing said: "It is my absolute privilege and honour to lead Prudential Myanmar. Prudential is a trusted and well-known brand globally, and I look forward to working together with a very talented group of people here at Prudential Myanmar in creating and providing products and services to help give the people of Myanmar a securer and healthier future."

Driven by a purpose to help people get the most out of life, Prudential Myanmar aims to make healthcare and financial security more accessible to more people in the country. Core to this ambition is Pulse by Prudential, an AI-powered health and wellness app, that was launched in Myanmar in 2021. Today, Pulse has been downloaded more than 32 million times across 17 markets in Asia and Africa.


 

About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa. In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reach as many people as possible, and to ensure they enjoy an easy, simple and convenient experience. 

For more information, visit Prudential Myanmar’s 

website: http://www.prudential.com.mm/

 or Facebook page:www.facebook.com/PrudentialMyanmarLifeInsurance

 

About Prudential plc

Prudential plc provides life and health insurance and asset management in Asia and Africa. The business helps people get the most out of life, by making healthcare affordable and accessible and by promoting financial inclusion. Prudential protects people’s wealth, helps them grow their assets, and empowers them to save for their goals. The business has more than 18 million life customers and is listed on stock exchanges in London (PRU), Hong Kong (2378), Singapore (K6S) and New York (PUK).

Prudential is not affiliated in any manner with Prudential Financial, Inc. a company whose principal place of business is in the United States of America, nor with The Prudential Assurance Company Limited, a subsidiary of M&G plc, a company incorporated in the United Kingdom.

 

Profile of Naing Aye Lynn, CEO of Prudential Myanmar

Naing Aye Lynn joins Prudential Myanmar as Chief Executive Officer, and reports to Solmaz Altin, Managing Director, Strategic Business Group, Prudential.

He returned to Myanmar in 2017 after living abroad for 28 years and is married with two sons. Prior to joining Prudential Myanmar, Naing held several senior positions at Yoma Bank, one of Myanmar's largest commercial banks, where he was responsible for leading the bank’s strategic business and implementation agenda.

During his tenure at Yoma Bank, he also led several operational and organisational transformation projects in his capacity as Head of Transformation, Chief Customer Officer and Head of Branches, leading more than 1,800 retail banking colleagues in a distributed network of 80 branches across Myanmar.

Before returning to Myanmar, Naing spent 18 years working in the investment banking industry in both New York and London, and held senior positions at UBS Investment Bank, JP Morgan and Bank of America Merrill Lynch. Naing holds a Master of Science degree in Financial Mathematics. He enjoys travelling, reading and spending time with his family during his spare time.


#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Local News Insurance Read 570 times