Property Industrial Thailand (FPIT)   စက်မှုဇုန်ကဏ္ဍတွင် ဘတ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


20 January, 2023

Property Industrial Thailand (FPIT)   စက်မှုဇုန်ကဏ္ဍတွင် ဘတ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် စက်မှုဇုန်များကို စတုရန်းမီတာ ၂၅၀,၀၀၀ တိုးချဲ့ရန် Frasers Property Industrial Thailand (FPIT) သည် ယခုနှစ်တွင် ထိုင်းဘတ်ငွေ ၅ ဘီလီယံသုံးစွဲရန် စီစဉ်ထားသည်။

FPIT ၏ အမှုဆောင်အရာရှိချုပ် Sopon Racharaksa က ယခုနှစ်နှင့် လာမည့်နှစ်များသည် စက်မှုဇုန်ကဏ္ဍအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော နှစ်များဖြစ်မည်ဟု ဆိုသည်။

 စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံအပြင် အခြားတစ်နိုင်ငံ ထားရှိသည့် China Plus One မူဝါဒကို ကျင့်သုံးနေကြသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံပြင်ပရှိ အခြားနိုင်ငံများတွင်လည်း စီးပွားရေးလုပ်ငန်း တည်နေရာများ ထားရှိကြသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံပြင်ပရှိ စက်မှုဇုန်ကဏ္ဍ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  

"တရုတ်ပြည်မကြီးမှာ စက်ရုံတွေရှိတဲ့ တရုတ်နိုင်ငံသားများနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေက စက်ရုံတွေ နေရာရွှေ့ပြောင်းဖို့မဟုတ်ဘဲ တိုးချဲ့ဖို့ တရုတ်ပြည်မကြီးရဲ့ ပြင်ပမှာ စက်ရုံအသစ်တွေ တည်ထောင်ဖို့ နောက်ထပ်နေရာတွေကို ရှာဖွေနေပါတယ်။ တရုတ်ပြည်ပြင်ပမှာ ထူထောင်ပြီးချိန်ကျမှ တရုတ်ပြည်တွင်းမှ လုပ်ငန်းကဏ္ဍကို အရွယ်အစား လျှော့ချကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

အရင်ဆုံး တရုတ်ပြည် ပြင်ပကို ထွက်လာမည့် လုပ်ငန်းကဏ္ဍများမှာ အခွန်အကောက် အတားအဆီးများကြောင့် ထိခိုက်နစ်နာမည့် နည်းပညာနှင့် အီလက်ထရွန်းနစ်လုပ်ငန်းများဖြစ်ကြောင်း Mr Sopon မှ ပြောကြားခဲ့သည်။
၎င်းလုပ်ငန်းများသည် ထိုင်း၊ မလေးရှား သို့မဟုတ် ဗီယက်နမ်တို့ကို ရွေးချယ်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
ဗီယက်နမ်သည် အိုင်တီစီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောကုန်ထုတ်လုပ်မှုအခြေခံရှိပြီး အိုင်တီနှင့်ပတ်သက်သည့် ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို တည်ဆောက်နေကြောင်း Mr Sopon က ပြောကြားခဲ့သည်။ ရလဒ်အဖြစ် မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူ Samsung နှင့် နည်းပညာထုတ်လုပ်သူ Foxconn တို့မှ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုထားကြသည်။
"ထိုင်းနိုင်ငံအနေဖြင့် ၎င်းရဲ့ ကျွမ်းကျင်လုပ်သားနှင့် စမတ်လျှပ်စစ်ပစ္စည်းများကဲ့သို့သော စမတ်ထုတ်ကုန်များကို ပံ့ပိုးပေးနိုင်သည့် S-curve စက်မှုလုပ်ငန်းအသစ်ဖြင့် ပထမလှိုင်းမှ အကျိုးခံစားနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။


"မလေးရှားအတွက် အာရုံစိုက်တာက ကျွမ်းကျင်မှု လိုအပ်တဲ့ အလုပ်အကိုင်တွေပါ" ဟု ၎င်းက ပြောကြားသည်။ 

ကုန်ထုတ်လုပ်ငန်းကို အခြေခံသည့် နေရာပြောင်းရွှေ့အခြေချလိုသော ရင်းနှီးမြှုပ်နှံသူများသည် ပြောင်းရွှေ့စရိတ် ကုန်ကျနိုင်သောကြောင့် အစိုးရများထံမှ ဆွဲဆောင်မှုရှိသော ပရိုမိုးရှင်းများနှင့် မက်လုံး အစီအစဉ်များကို ရှာဖွေကြသည်ဟု Mr Sopon ကပြောသည်။

“အလားအလာရှိတဲ့ နေရာတွေမှာ နေရာရွှေ့ပြောင်းရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုရှိသင့်တယ်"ဟု ၎င်းက ပြောကြားသည်။

 "ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေက ကြားနေပြီး တရုတ်နဲ့ အနောက်နိုင်ငံတွေကြား အငြင်းပွားမှုတွေမှာ ဘယ်ဘက်မှ မလိုက်ပါဘူး"ဟု ၎င်းက ပြောကြားသည်။
အလားအလာရှိသော ၀ယ်လိုအားကို အသုံးချရန် FPIT သည် နေရာသုံးခုတွင် စက်မှုဇုန် မြေဧရိယာ စုစုပေါင်း စတုရန်းမီတာ ၁၅၀,၀၀၀ ကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ဘတ် ၃ ဘီလီယံ သုံးစွဲရန် စီစဉ်ထားသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် FPIT သည် ယခုနှစ်အတွင်း စုစုပေါင်း စတုရန်းမီတာ ၁၀၀,၀၀၀ ကျယ်ဝန်းသော နေရာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘတ်ငွေ ၂ ဘီလီယံ သုံးစွဲရန် စီစဉ်ထားသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 411 times