ProPak Myanmar 2017 စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ ပြပွဲ


24 August, 2017

ProPak Myanmar 2017 စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ ပြပွဲ

ProPak Myanmar 2017ပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ MEP (Myanmar Event Park) တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်။ MEP သည် ယခင် ပြည်သူ့ရင်ပြင်အနီးတွင် တည်ရှိခဲ့ရာမှ ဖျက်သိမ်းခဲ့ရ ပြီး ယခုနေရာတွင် ပြပွဲရုံသစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ProPak Myanmar သည် ထုတ်ပိုးခြင်း၊ ဖြည့် သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ အရည်အသွေး အာမခံ ချက်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် တိုင်းတာခြင်း အစရှိ သည်တို့နှင့် ပတ်သက်သော စက်ကိရိယာများ၊ ထုပ်ပိုးပစ္စည်းများ၊ နည်းပညာများကို ပြည်ပလုပ်ငန်း များမှ လာရောက်ပြသပေးသည့်ပွဲ ဖြစ်သည်။

မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းကဏ္ဍ၏ ထုပ်ပိုးမှုအပိုင်းတွင် ခေတ်မီဖွံ့ဖြိုးရန်အတွက် ProPak Myanmar သည် ကြီးစွာသော အထောက် အပံ့ပေးမည် ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် နိုင်ငံတကာထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်း ဆိုင်ရာပြပွဲတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ  ကုမ္ပဏီ ၂၀၀ ကျော် ပါ၀င်ပြသမည်။  အီတလီ၊ စင်ကာပူ၊ ထိုင်ဝမ် နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ(၄)ခုတို့လည်း ပါဝင်ပြသကြမည်။

Platinum Sponsor မှာ ထုပ်ပိုးမှုကဏ္ဍတွင် ထိပ်တန်းလုပ်ငန်း Tetra pak ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသိများသည့် PEP နို့ရည်ဘူးသည် Tetra pak မှ ထုပ်ပိုးပေးခြင်းဖြစ်သည်။ Tetra pak သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် Tetra pak ထုပ်ပိုးသည့် ပစ္စည်းပေါင်း ၁၁၈ ဘီလျံ ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ရ. ၄ ဘီလျံ ရှိပေရာ ကမ္ဘာ့လူဦးရေ၏ ၁၅ ဆကျော် ဖြစ်သည်။ ProPak Myanmar 2017 သို့ လာရောက်သူများကို Tetra pak က ၎င်း၏ ထုပ်ပိုးမှုနည်းပညာနှင့် ထုပ်ပိုးပစ္စည်း ကို ကြော်ငြာသည့်အနေဖြင့် Tetra pak ထုပ်ပိုးပေး ထားသော ရေသန့်ဘူးများ ကို အမှတ်တရာပစ္စည်းအဖြစ် အခမဲ့ပေးဝေမည်။ Tetra pak သည် မြန်မာနိုင်ငံတွင် ကျောင်းနေကလေးငယ်များအား နွားနို့တိုက်ကျွေးသည့် အစီအစဉ်ကိုလည်း လုပ်ကိုင်ပေးလျက်ရှိသည်မှာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်သည်။

ProPak Myanmar 2017 တွင် ထိပ်တန်း ကုမ္ပဏီများဖြစ်သော PTT GC, Rieckerman, Klockner Pentaplast, Tetra Pak,Gardner Denver, Patkol, Piovan, SP Petpak, Ishida, Wolf Packaing, Franz Haas,Sanko Machinery, Coda Tech, Wraptech, Multivac, CKD, Becker Asia, MST, Metrohm, Interroll, Desing Alternative, FNB, NR Rama, BS1, Material World, Tomco, Southern Supply, TTB Industry, AGR, Heat & Control, AF Compressor, Italian Trade, Calvatis နှင့် Inabata တို့အပါအဝင် အခြားကုမ္ပဏီများစွာလည်း ပါဝင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှား စရာအကောင်းဆုံးနှင့် လျှင်မြန်စွာ တိုးချဲ့လာနေ သော အဖျော်ယမကာနှင့် နို့ထွက်အဖျော်ယမကာ စျေးကွက်ကိို ရှေးရှုမည့် DrinkTech Myanmar 2017 သည်လည်း ProPak Myanmar 2017 နှင့်အတူ ခင်းကျင်းပြသပေးမည်။

Gold Sponsor ဖြစ်သည့် PTT Global Chemical မှ မြန်မာနိုင်ငံ စျေးကွက် အတွက် PTT Global Chemical business matching ကိုလည်းကျင်းပမည်။

မြန်မာ နိုင်ငံ အစားအစာသိပ္ပံနှင့် နည်းပညာအသင်း (FoSTAM)မှ "Education of Food Science and Technology to upgrade the Food SME Development in Myanmar"  အဓိက ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်။

စီစဉ်ခြင်းဖြစ်ကာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ နောက်ဆုံးပေါ်  ဖွံ့ဖြိုးမှုများ၊ သုတေသနဆိုင်ရာ နည်းလမ်းနှင့် နည်းစနစ်များ၊ အစားအစာသိပ္ပံနှင့် နည်းပညာ နယ်ပယ်အတွက် ဆန်းသစ်တီထွင်မှုများကို တင်ပြ ဆွေးနွေးကြမည်။

ProPak Myanmar 2017 သည် မြန်မာနိုင်ငံစက်မှုကုန်ထုန်လုပ်သူများအသင်း(MIA)၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFPEA)၊ မြန်မာနိုင်ငံအစားအစာသိပ္ပံနှင့် နည်းပညာအသင်း(FoSTAM)နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) တို့၏ ထောက်ခံမှုကို ရရှိထားပါသည်။

ProPak Myanmar 2017

နေရက်-၂၀၁၇ စက်တင်ဘာလ(၂၁)ရက်မှ (၂၃)ရက်ထိ

ပြပွဲဖွင့်လှစ်ချိန်-မနက်(၉)နာရီမှ ညနေ(၅)နာရီ

နေရာ-MEP မင်းဓမ္မလမ်း၊ ရန်ကုန်မြို့။

Webiste-www.propakmyanmar.com

Facebook-www.facebook.com/propakmyanmar

Events & Exhibition Read 1408 times