ထိုင်းမှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအမည် ၁ သိန်းခွဲကျော် ၈၇% အထိ ချက်ချင်းဈေးချပေးမည်


03 October, 2023

ထိုင်းမှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအမည် ၁ သိန်းခွဲကျော် ၈၇% အထိ ချက်ချင်းဈေးချပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလကုန်အထိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ၁ သိန်းခွဲကျော်တို့၏ ဈေးနှုန်းများကို ၈၇%အထိ ချက်ချင်းလျှော့ချပေးမည်ဟု ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ခေတ်မီကုန်တိုက်များ၊ ပြည်တွင်းစျေးကွက်များနှင့် ဝန်ဆောင်မှုပေးသူများနှင့် တွေ့ဆုံပြီးနောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai မှ ပြောကြားပါသည်။

အစိုးရ၏ ကုန်ကျစရိတ်များကို လျှော့ချရန်၊ ဝင်ငွေတိုးရန်နှင့် လုပ်ငန်းအခွင့်အလမ်းများ ချဲ့ထွင်ရန် ဦးတည်ချက် ထားရှိသည့် Quick Win မူဝါဒ၏ တစ်စိတ်တစ်ပိုင်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ 

 တနင်္လာနေ့(အောက်တိုဘာလ ၂)တွင် လုပ်ငန်းရှင် ၂၈၈ ဦးတို့က နိုင်ငံတဝှမ်း ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအမည် ၁၅၁,၆၈၆ ခုတို့၏ ဈေးနှုန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိ ၃ လတိုင်တိုင် လျှော့ချပေးထားရန် သဘောတူခဲ့ကြသည်။
အဆိုပါ လုပ်ငန်းရှင်များတွင် လုပ်ငန်းနယ်ပယ် ပေါင်းစုံမှ လုပ်ငန်းရှင်များ ပါဝင်ပြီး 


ပါဝင်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများတွင် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူ ၈၈ ဦး၊  ဖြန့်ဖြူးသူ ၈၃ ဦး၊ ခေတ်မီကုန်တိုက်များ၊ ဒေသန္တရ ဈေးဝယ်စင်တာများနှင့် အိမ်အလှဆင်ပစ္စည်းဆိုင်များ၊  ဆေးရုံများနှင့် ကားဝန်ဆောင်မှုစင်တာများကဲ့သို့သော ဝန်ဆောင်မှုပေးသူ ၁၁၀ ဦး၊  ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ ၁၁၀ ဦးနှင့် အွန်လိုင်းပလက်ဖောင်း ၇ ဦးတို့ ပါဝင်သည်။


ဈေးချပေးမည့် ကုန်ပစ္စည်းများကို အုပ်စု ၃ ခု ခွဲထားသည်။

• အစားအစာနှင့် အဖျော်ယမကာများ
   ပြုပြင်ထားသော အစားအစာ၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်များ အပါအဝင် ပစ္စည်း အမျိုးအမည် ၃,၀၅၈ ခု၊  အများဆုံးလျှော့စျေး ၈၇%

• မရမဖြစ် နေ့စဉ်သုံး ကုန်ပစ္စည်းများ
   လျှပ်စစ်ပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ အပါအဝင် ပစ္စည်း အမျိုးအမည် ၈,၂၉၀ ခု၊ အများဆုံးလျှော့စျေး ၈၀%
 
• စိုက်ပျိုး‌ေမွးမြူရေး သွင်းအားစုများ
ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် တိရစ္ဆာန်အစာ အပါအဝင် ပစ္စည်း အမျိုးအမည် ၁၉၈ ခု၊ အများဆုံးလျှော့စျေး ၄၀%

ဈေးချပေးမည့် ဝန်ဆောင်မှုများကိုလည်း အုပ်စု ၃ ခု ခွဲထားသည်။

• ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ
  အမျိုးအမည် ၁၄၀,၀၀၀ ခု၊ အများဆုံးလျှော့စျေး ၂၀%
 
• ကားပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ
  အမျိုးအမည် ၁၂၃ ခု၊ အများဆုံးလျှော့စျေး ၅၀%

• ထောက်ပံ့ပို့ဆောင်ရေးနှင့် ချောပို့ဝန်ဆောင်မှုများ
  အမျိုးအမည် ၇ ခု၊ အများဆုံးလျှော့စျေး ၆၉%

ကုန်သွယ်ရေးဝန်ကြီးက ၎င်း၏ဝန်ကြီးဌာနသည် ကုန်ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းများကို ဈေးနှုန်းလျှော့ချရန် တောင်းဆိုရုံဖြင့်မပြီး၊ ဝန်ကြီးဌာနအနေထြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍအတွက် စည်းမျဉ်းများကဲ့သို့သော လက်ရှိအခက်အခဲများကို ဖြေရှင်း‌ပေးရန် ဝန်ကြီးဌာနကလည်း ကတိပြုထားကြောင်း ပြောကြားသည်။
 

Source Bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Tips Read 642 times