တိုင်းဒေသကြီး/ပြည်နယ်များတွင် လျှပ်စစ်ဝန်အား လျှောမည့် အစီအစဉ်


21 November, 2021

 လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်များ ဖြစ်သော ရေအား ၊ သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံးနှင့် ကျောက်မီးသွေး စက်များတို့မှ ဓာတ်အားထုတ်လုပ်မှုသည် ယခုအခါ လျော့နည်းလျက်ရှိပါ သည်။ 

ထို့အပြင် ဓာတ်အားပြန့်ဖြူးသော မဟာဓာတ်အားလိုင်း ၂၃၀ ကေဗီ လောပိတ-တောင်ငူ ဒေတ်အားလိုင်း နှင့် ၂၃ဝ ကေဗီ ‌ေလာပိတ-ရွှေမြို့ ဓာတ်အားလိုင်းမှ တာဝါတိုင် (၆)တိုင် အရေးပေါ် ပြုပြင်ဆောင်ရွက်ရမည် ဖြစ်ပြီး ပြုပြင်ဆောင်ရွက်ရန် ခန့်မှန်းကြာချိန် တစ်လခန့်အတွင်း ဓာတ်အားစနစ်မှ Peak Loard အချိန်များတွင် ခန့်မှန်းဝန်အား 275 MW ခန့် လိုအပ်မည် ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ခန့်မှန်းဓာတ်အားလိုအပ်ချက် (275 MW) အနက် (150 MW) ခန့်ကို ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဝန်အားလျှော့ချရန် လိုအပ်မည် ဖြစ်သည်။

စုစုပေါင်း 150 MW ဝန်အားလျှော့ချရန် 
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဝန်‌အားလျှော့ချမည့် ခွဲတမ်းပမာဏ အသီးသီးမှာ -

၁။ ကချင် 8 MW
၂။ ကယား  2 MW
၃။ ကရင် 10 MW
၄။ မွန် 10 MW
၅။ ရခိုင် 5 MW
၆။ ရှမ်း(တောင်) 15 MW
၇။ ရှမ်း(မြောက်) 10 MW
၈။ စစ်ကိုင်း 25 MW
၉။ မကွေး 20 MW
၁၀။ ပဲခူး (အရှေ့) 15 MW
၁၁။ ပဲခူး (အနောက်) 10 MW
၁၂။ ဧရာဝတီ 20 MW

နေ့စဉ်ရက်ဆက် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဓာတ်အား ပြတ်တောက်ခြင်း မဖြစ်ပွားစေရန် တိုင်းဒေသကြီး/ပြည်နယ်များ အသီးသီးတွင် အုပ်စု ၂ ခု၊ ၃ ခု စသဖြင့် ခွဲခြားပြီး အုပ်စုအလိုက် အလှည့်ကျ ဓာတ်အား ဖြတ်တောက်မည်ဖြစ်ရာ၌  33 kV,   11 kV feeder များမှ ဓာတ်အားဖြတ်တောက်နိုင်ရန် ဝန်အားတွက်ချက် ဆောင်ရွက်မည်ဟု သိရပါသည်။

 

Local News Read 804 times