ကမ္ဘာ့အကြီးဆုံး ရူးဖိနပ်ချုပ်လုပ်ငန်းကြီး ပေါင်ချိန် က အိန္ဒိယတွင် ဒေါ်လာ ၂၈၁ သန်း ရင်းနှီးမြှုပ်နှံ


08 May, 2023

ကမ္ဘာ့အကြီးဆုံး ရူးဖိနပ်ချုပ်လုပ်ငန်းကြီး ပေါင်ချိန် က အိန္ဒိယတွင် ဒေါ်လာ ၂၈၁ သန်း ရင်းနှီးမြှုပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်တို့မှာ စက်ရုံများ ရှိသည့်  နာမည်ကြီး အမှတ်တံဆိပ် အားကစားရှူးဖိနပ်များ ထုတ်လုပ်သည့်ကဏ္ဍတွင် ကမ္ဘာ့အကြီးဆုံး ရူးဖိနပ်ချုပ်လုပ်ငန်းကြီး ပေါင်ချိန် Pou Chen က ၂၀၂၂ ခုနှစ်မှာ Nike, Adidas, New Balance, Timberland အစရှိသည့် ထိပ်တန်းအမှတ်တံဆိပ်များအတွက် ရူးဖိနပ် အရံ ၂၇၂ သန်း ထုတ်လုပ်ခဲ့ပါသည်။

 

 

 ထိုင်ဝမ်မှ Pou Chen လက်အောက်ခံ လုပ်ငန်းတစ်ခုက အိန္ဒိယနိုင်ငံတွင် ရူပီး ၂၃.၀၂ ဘီလီယံ (ကန်ဒေါ်လာ ၂၈၁ သန်းခန့်) ရင်းနှီးမြှုပ်နှံပြီး တမီးလ်နာဒူပြည်နယ်တွင် ရှူးဖိနပ်ချုပ် စက်ရုံအသစ် ထူထောင်မည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန် ကြေညာပါသည်။

တမီးနာဒူးတွင် အလုပ်အကိုင် ၂ သောင်းခန့် ဖန်တီးပေးမည် ဖြစ်သည်။ 
     
ယခင်က ထိုင်ဝမ်မှ ဖိနပ်ချုပ်လုပ်ငန်း Hong Fu Group ကလည်း အိန္ဒိယတွင် ဖိနပ်ချုပ်စက်ရုံ ထုထောင်လုပ်ကိုင်ရန်အတွက် ရူပီး ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပါသည်။

Source moneycontrol
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 423 times