အိုးဖုတ်ခြင်းလုပ်ငန်း


28 February, 2017

ငါ့သရောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအမှတ် ၃ တောင်ကုန်းရပ်ကွက်တွင် အိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ထန်းတက်တောင်သူများနှင့် လက်လီလက်ကားရောင်းချသည့် ဈေးသည်များ လာရောက်ဝယ်ယူ မှုကြောင့် အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့နယ်တွင် စုစုပေါင်းအိမ်ခြေ ၃၀ ကျော်ရှိပြီး တစ်ရပ်ကွက်လုံးနီးပါး အိုးဖုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။

အိုးဖုတ်ခြင်းလုပ်ငန်းမှာ ယင်းဒေသတွင် မူလအမွေအနှစ်လက်ဆင့်ကမ်းပေးသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

ယခုနှစ်အတွင်း ၎င်းတို့၏ အိုးများကို ထန်းတက်တောင်သူများ လက်လီရောင်းချမည့်ဈေးသည်များက လှည်း၊ ကားများနှင့် နေ့စဉ်လာရောက်ဝယ်ယူလျှက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် အိုးလုပ်ငန်းရှင်များ ဝယ်လိုအားများနေသဖြင့် အိုးဖုတ်၍မနိုင်ဖြစ်နေကြောင်း သိရသည်။ ဝယ်ယူအားပေးသူများများနေသဖြင့် အိုးလုပ်ငန်းရှင်များ အဆင်ပြေကာ မိသားစု အပိုဝင်ငွေရရှိနေကြောင်းကို တောင်ကုန်းရပ်ကွက်မှ အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

အမှတ် ၃ တောင်ကုန်းရပ်ကွက်မှထွက်သောအိုးများကို အဓိကအားဖြင့် ထန်းမြူအိုး၊ သောက်ရေအိုး၊ ဟင်းချက်အိုး၊ ဘုရားပန်းအိုးများ အဓိကအသုံးပြုကြသည်။

အိုးလုပ်ငန်းတွင် နေ့စားအလုပ်သမား အမျိုးသားတစ်ဦးကို တစ်နေ့လျှင် ငွေကျပ် ၅၅၀၀ ကျပ်နှင့် အမျိုးသမီးတစ်ဦးကို တစ်နေ့လျှင် ငွေကျပ် ၃၅၀၀ ဖြင့် ငှားရမ်းပြုလုပ်ကြသည်။

ထန်းမြူတစ်အိုးကို ငွေကျပ် ၁၅၀၊ သောက်ရေအိုးတစ်လုံးကို ငွေကျပ် ၈၀၀၊ ဘုရားပန်းအိုးတစ်လုံးကို ငွေကျပ် ၃၅၀၊ ဟင်းချက်အိုးများကို ပုံသဏ္ဍာန်အရွယ်အစားပေါ်မူတည်၍ ကျပ် ၅၀၀ မှ ၈၀၀ အထိ ဈေးနှုန်းအသီးသီး ရှိကြောင်းသိရသည်။

ညောင်ဦးမြို့၊ မြင်းခြံမြို့၊ တောင်သာမြို့၊ ပခုက္ကူမြို့ နှင့် ကျောက်ပန်းတောင်းမြို့တို့ကို တင်ပို့ရောင်းချလျှက်ရှိသည်။

Source: မြဝတီ

How To Read 2077 times