အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ ကြီးထွားလာမှုမှာ မေလတွင် နှေးလာ


02 June, 2022

၂၀၂၂  ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



S&P Global အာဆီယံ ထုတ်လုပ်မှု PMI

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ ကြီးထွားလာမှုမှာ မေလတွင် နှေးလာခြင်း

အဓိက တွေ့ရှိချက်များ -

  • အာဆီယံ PMI သည် ဧပြီလထက် နိမ့်ကျသွားခြင်း
  • ထုတ်လုပ်မှု နှင့် အော်အသစ်များမှာ ပိုနှေးသည့် အရှိန်ဖြင့် မြင့်တက်လာခြင်း 
  • ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများမှာ ဖေဖေါ်ဝါရီလမှစပြီး ပထမအကြိမ် တိုးလာခြင်း

(ဒေတာများကို မေလ ၂၅ ရက်တွင် စုစည်းခဲ့သည်)

နောက်ဆုံး S&P Global ထည့်ကုန် ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းအရ (PMI) လ ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အသင့်အတင့် ကြီးပွားလာမှုကို ညွန်ပြနေသည်။ သို့သော်လည်း လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာမှုမှာ မေလတွင် အရှိန် အားပျော့လာခဲ့ခြင်းက ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်ခန့်မှုများတွင် တိုးတက်မှု အားနည်းလာခြင်းကို ထင်ဟပ်နေသည်။ 

မည်သို့ပင်ဖြစ်စေကာမူ ထုတ်လုပ်မှု အခိုင်အမာ တိုးလာခြင်းက ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ တိုးလာ‌အောင် ပံ့ပိုးခဲ့ရာ နှစ်လကြာ သိုလှောင်ကုန်များ ကုန်ခန်းလာ‌နေမှုများ ပပျောက်သွားစေခဲ့ပါသည်။

အဓိက အကျဆုံး PMI ကို မေလတွင် ၅၂.၃ မှာ မှတ်တမ်းတင်ခဲ့ရာ ဧပြီလ ၅၂.၈ ထက် အနည်းငယ်မျှ နိမ့်ကျသွားသည်။ နောက်ဆုံးရ အညွှန်းကိန်းက တိုးမြှင့်ထုတ်လုပ်မှု အရှိန်အဟုန် ကျဆင်းသွားခြင်းကို ညွှန်ပြနေသော်လည်း ထုတ်လုပ်မှု တိုးများလာ‌နေသည့် ဖြစ်စဉ်ကို ရှစ်လဆက်တိုက် တည်တံ့နေ‌အောင် ဆွဲဆန့်ပေးလိုက်သည်။

 

 

စင်ကာပူသည် တိုးတက်မှု အရှိန်နှေးသွားခဲ့သည့် လေးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ၅၇.၃ ဖြင့် ထိပ်ဆုံးမှ ပြေးနိုင်ခြင်းက သိသာသည့် တိုးတက်နှုန်း ဖြစ်သည့်အပြင် လွန်ခဲ့သည့် ကိုးလအတွင်းမှာ လစဉ်လတိုင်း တိုးလာခဲ့ပါသည်။

 

စစ်တမ်းတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် ဗီယက်နမ် တစ်နိုင်ငံတည်းသာလျှင် မေလတွင် မြန်ဆန်စွာ တိုးလာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၅၄.၇ တွင် ရှိနေသည့် တိုးတက်မှုနှုန်းမှာ လေးလအတွင်း အမြန်ဆုံး ဖြစ်လာသည်။ 

 

ဤအတောအတွင်း ဖိလစ်ပိုင်နိုင်ငံရှိ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဧပြီလတွင် မြင်ခဲ့ရသည့် နှုန်းထက် မသိမသာ အားပျော့လာသည့်နှုန်း (၅၄.၁)ကို မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော်လည်း ယင်းတိုးတက်မှု အရှိန်မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာမှ စပြီး ဒုတိယ အမြန်ဆုံး ဖြစ်လာသည်။

 

ထိုင်းနိုင်ငံအတွက် အဓိကအကျဆုံး PMI အညွှန်းကိန်းသည် မေလတွင် ၅၁.၉ မှာ ဆက်လက်ရှိနေခဲ့သည်။ တိုးမြှင့်ထုတ်လုပ်မှုကို ကြည့်လျှင် အသင့်အတင့်သာ ရှိခဲ့သော်လည်း စစ်တမ်း သမိုင်းတွင် အားအကောင်းဆုံး တစ်ခုဖြစ်သည်။ 

 

အင်ဒိုနီရှားနှင့် မလေးရှားတို့ကပါ တိုးတက်မှု နှုန်းများ အားပျော့လာကြောင်းကို ပြသလျက် ၅၀.၈ နှင့် ၅၀.၁ တွင် အသီးသီး မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော်လည်း မလေးရှားနိုင်ငံတစ်ဝန်းရှိ လုပ်ကိုင်မှု အများအပြားတို့မှာ ကျယ်ပြန့်စွာ ရပ်တန့်သွားခဲ့သည်။

 

ဧပြီလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် လ ၂ဝ အတွင်း ပထမဦးဆုံးအကြိမ် တိုးလာခဲ့သည့်နောက်မှာ အကျဘက်ကို ပြန်ဆင်းသွားခဲ့သည်။ သို့သော်လည်း ကျဆင်းသွားသည့် နှုန်း(၄၉.၉)မှာမူ ဒဿမဂဏန်းမျှသာ ဖြစ်ခဲ့သည်။

 

 

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ဒုတိယ သုံးလပတ် အလယ်ပိုင်းတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်မှု အားပျော့လာခဲ့သည်။ ထုတ်လုပ်မှု တိုးလာမှုမှာ လက်ရှိ တိုးတက်မှု ရှစ်လ အစဉ်တွင် ဒုတိယ အားအပျော့ဆုံး ဖြစ်လာသည်။ အော်ဒါအသစ်များသည်လည်း အလားတူ ပို‌နှေးသည့် အရှိန်ဖြင့်သာ  တိုးလာခဲ့သည်။ သို့သော်လည်း အာဆီယံ ထုတ်ကုန်များအတွက် ပြည်ပမှ ဝယ်လိုအားမှာ လွန်ခဲ့သည့် လတွင် တည်ငြိမ်လာခဲ့သည့်နောက်ပိုင်း အားကောင်းလာပြီး ပြည်ပတင်ပို့မှု အော်ဒါသစ် မှာယူမှုများမှာ သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့သည်။

ဒေသ တစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများထံတွင် သိုလှောင်ထားသည့် လက်ကျန်စာရင်းများ မေလတွင် တိုးလာခဲ့သည်။ ဝယ်လိုအား အားကောင်းခဲ့သောကြောင့် ကုမ္ပဏီများသည် သုံးလအတွင်း ပထမဦးဆုံးအကြိမ် မိမိတို့၏ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများကို တိုးမြှင့်ခဲ့ကြသည်။ ထို့အပြင် တိုးလာမှုနှုန်းမှာ ၂၀၁၄ ခုနှစ် ဇူလိုင်မှစပြီး အမြန်ဆုံး ဖြစ်လာသည်။ ကုန်ချောများကို သိုလှောင်ထားမှုမှာ ငါးလဆက်တိုက် မြင့်တက်လာခဲ့ရာ မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံးနှုန်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မေလတွင် လက်ကျန် အလုပ်များ စုစည်းလာခဲ့သည့်နှုန်း မြန်လာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားအ‌ေပါ် ဖိအားပေးမှုများ ပိုပြီး ပြင်းထန်လာခဲ့သည်။ ကုမ္ပဏီများက ပစ္စည်းပေးသွင်းမှုများ ကြန့်ကြာလာသည့်အတွက် ကုန်ကြမ်းများကို ရှာယူရာတွင် အက်အခဲများ ရင်ဆိုင်နေရကြောင်း  အစီရင်ခံကြသည်။ ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်မှုမှာ  ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလမှစပြီး လစဉ် တွေ့မြင်ခဲ့ရသည့်အတိုင်း ယခုလည်း ဆုတ်ယုတ်လာခဲ့သည်။ ထို့အပြင် ပေးသွင်းမှု ပြီးဆုံးရန် ကြန့်ကြာချိန် တိုးလာခဲ့သည့်နှုန်းသည် မေလတွင် အရှိန် ပိုရလာခဲ့သည်။ 
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ပျမ်းမျှ ကုန်ကျစရိတ်များမှာ သိသာစွာ မြင့်တက်လာခဲ့ပြီး စစ်တမ်း သမိုင်းတွင် တတိယ အများဆုံးနှုန်း ဖြစ်ပါသည်။ 
ကုမ္ပဏီများသည် တိုးလာသည့် ဝန်ထုပ်ဝန်ပိုး အတော်များများကို စက်ရုံ ရောင်းဈေးများထဲသို့ ထည့်ပေါင်းကြရာ မှတ်တမ်းတွင် ဒုတိယအမြန်ဆုံး ဈေးမြင့်တက်မှု ဖြစ်လာသည်။

အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများသည် မေလတွင် အလုပ်ခန့်မှု ပမာဏကို ဒုတိယမြောက်လအဖြစ် တိုးခဲ့ကြသော်လည်း နှုန်းမှာ အနည်းငယ် မျှသာ များလာခဲ့သည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းကို အပြောင်းအလဲမရှိ အမှတ် ၅၀.၀ အထက်နားတွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်‌ပေရာ ဝန်ထမ်း ဦး‌ရေ အနည်းငယ်မျှ တိုးလာခြင်းကို ညွှန်ပြနေသည်။

နောက်ဆုံးအနေနှင့် တင်ပြလိုသည်မှာ လာမည့် ၁၂-လ ကာလအတွက် မျှော်မှန်းချက်မှာ မေလတွင် သုံးလအတွင်း အနိမ့်ဆုံးသို့ လျှော့ကျသွားခဲ့သည်။ သို့သော်လည်း လုပ်ငန်းများ၏ ယုံကြည်မှုမှာ အပေါင်းလက္ခဏာ နယ်ပယ်တွင် အခိုင်အမာ ရှိနေပါသည်။


သုံးသပ်ချက်

အာဆီယံ ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် BP Global Market Intelligence မှ စီးပွားရေး ပညာရှင် Maryam Baluch ပြောကြားသွားသည်မှာ ---

"အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတစ်ငန်း လုပ်ငန်း အခြေအနေများမှာ မေလတွင် အားပျော့တဲ့ နှုန်းဖြင့် တိုးတက်လာခဲ့ပါတယ်။ အများစု ထောက်ပြခဲ့ကြတဲ့အတိုင်း ဆိုရပါက ဝယ်လိုအား အား‌ပျော့လာတာကြောင့် အောါဒါအသစ်များနှင့် ထုတ်လုပ်မှု တိုးလာတဲ့နှုန်းဟာ နှေးလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ရှစ်လအတွင်းမှာ လတိုင်းတွင် တိုးတက်မှုကို တွေ့မြင်ခဲ့ရပါတယ်။


"ပစ္စည်း‌ေပးသွင်းရေး ကွင်းဆက်နှင့်ငွေကြေးဖောင်းပွမှုရဲ့ ဖိအားပေးမှုများမှာ မေလတွင် ပိုပြင်းထန်းလာခဲ့ကြရာ တိုးတက်မှုအပေါ်မှာ နည်းငယ် ဖိစီးခဲ့ကြပါတယ်။ ကမ္ဘာ့လုံးဆိုင်ရာ နိုင်ငံရေး တင်းမာမှုများ၊ တရုတ်နိုင်ငံထဲက လော့ဒေါင်း နှင့် ပို့ဆောင်ရေး အကျပ်အတည်းများ ရှိမြဲ ရှိနေခြင်းတို့က ပစ္စည်းပေးသွင်းမှု ဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးဝါးလာစေပါတယ်။

'အဲဒါရဲ့ရလဒ်အဖြစ် လုပ်ငန်းများကို အကောင်းမြင်စိတ်မှာ ၃လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားခြင်းဟာ မကြာခင်တုန်းက ကျဆင်းမှုအရှိန်ကို ထင်ဟပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံမှ ထုတ်လုပ်သူတို့ဟာ အားကောင်းတဲ့ ဝယ်လိုအားက လာမယ့် ၁၂ လ တွင် ထုတ်လုပ်မှု တိုးလာရေးကို ပံ့ပိုး‌ေပးလိမ့်မယ်လို့ အခိုင်အမာ မျှော်လင့်လျက် ရှိနေကြပါတယ်”

 

 

Industry Reviews Read 807 times