ဘင်္ဂလားဒေ့ရှ်  ၂၀၂၆ အတွက် ကြိုတင်ပြင်ဆင်


23 April, 2023

ဘင်္ဂလားဒေ့ရှ်  ၂၀၂၆ အတွက် ကြိုတင်ပြင်ဆင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


  
လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လက်ရှိတွင် ကုလသမဂ္ဂက  “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ” အဆင့်ဟု သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံများထံ တင်ပို့သည့်  ပို့ကုန်များအပေါ်  အကောက်ခွန် စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့် ရနေသည်။ နောက်ထပ် ၃ နှစ်အကြာ ၂၀၂၆ တွင် “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ” အဖြစ် သတ်မှတ်ထားခြင်း အဆုံးသတ်မည် ဖြစ်ရာ အကောက်ခွန် ကင်းလွတ်ခွင့် အခွင့်ထူးကို  လက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သည်။ 
ထိုအခါ၌ ဘင်္ဂလားဒေ့ရှ်သည်  “အလွန်ကွဲပြားခြားနားသော အခြေအနေ” ကို ရင်ဆိုင်ရမည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်  ရှိတ် ဟာစီနာမှ ပြောကြားသည်။
အကောက်ခွန် ကင်းလွတ်ခွင့် ဆက်လက်ရရှိနေစေရန် နိုင်ငံ ၁၁ နိုင်ငံနှင့် အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက် Free Trade Agreement FTA လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးနေသည်ဟု ၎င်းက ပြောကြားသည်။
ဆွေးနွေးနေဆဲ နိုင်ငံများ၏ အမည်ကို ထုတ်ဖော် ပြောကြားခြင်း မပြုသော်လည်း အိန္ဒိယ၊ တရုတ်နှင့် ဂျပန် တို့ ပါဝင်မည်ဟု ယူဆရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကုန်သွယ်မှု သဘောတူညီချက်များ ရရှိထားသော်လည်း FTA တစ်ခုမှ မပါချေ။ 
ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး အထည်တင်ပို့သည့် နိုင်ငံဖြစ်သည်။ ပြည်ပပို့ကုန်၏ ၈၀% သည် အထည်ချုပ်ကဏ္ဍပို့ကုန်များ ဖြစ်သော်လည်း ပို့ကုန်ကွဲပြားမှုကို ဦးစားပေးလုပ်ဆောင်‌နေသည်။
.
အစားအစာ ပြုပြင်ထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ် ကိရိယာများကို အလားအလာရှိသော နယ်ပယ်များဖြစ်ကြောင်း ဟာစီနာက ပြောကြားသည်။ ငါးဖမ်းလုပ်ငန်းအပါအဝင် ဘင်္ဂလားပင်လယ်အော်၏ သယံဇာတများသည်လည်း ပို့ကုန် အလားအလာကောင်းသည်ဟု သူမက ဆိုသည်။
"ကျွန်မတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပင်လယ်အော်ကို ဘယ်လို အသုံးပြုရမလဲဆိုတာ စူးစမ်းလေ့လာလိုပါတယ်" ဟု သူမက ပြောကြားသည်။
.
ဘင်္ဂလားပင်လယ်အော်သည် မဟာဗျူဟာအရ တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့အတွက် အရေးပါနေသည်။ 
“ကျွန်မတို့ရဲ့ ဦးစားပေးက ကျွန်မတို့နိုင်ငံကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲ ဆိုတာပါပဲ။ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်" ဟု သူမက ပြောကြားသည်။
.
လက်ရှိဘဏ္ဍာရေးနှစ်အတွက် တိုးတက်မှုနှုန်း၅.၂ ရာခိုင်နှုန်းအထိ အားကောင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
.
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများထံမှ ငွေလွှဲ ပေးပို့မှုများနှင့် အထည်ချုပ်တင်ပို့မှုတို့၏ အကျိုးကျေးဇူးများ ပေါင်းဆုံမှုက မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပုံမှန်အားဖြင့် ပြည်တွင်းအသားတင်ထုတ်ကုန်တိုးတက်မှုနှုန်း ၆% မှ ၇% အထိ မြှင့်တင်ခဲ့သည်။
.
မြန်မာနိုင်ငံသည် အာရှ၏ နောက်ဆုံး စီးပွားရေး ထွန်းသစ်ရာ နေရာဟု သတ်မှတ်ခဲ့ကြရာမှ မြန်မာနေရာကို ဘင်္ဂလားဒေ့ရှ်က ရယူလိုက်ပြီဟု အချို့က သုံးသပ်ကြသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 221 times