ကော်စေ့ ခွဲတမ်း အသိပေးကြေညာ


08 March, 2023

ကော်စေ့ ခွဲတမ်း အသိပေးကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကော်စေ့သွင်းကုန် ခွဲတမ်းနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနမှ  ၈-၃-၂ဝ၂၃ ရက်စွဲဖြင့် ထုတ်ပြန်သော အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တင်သွင်းခွင့်ပမာဏသတ်မှတ်ချက် (Quota) ခွင့်ပြုထားသည့် ပလပ်စတစ် ကော်စေ့တင်သွင်းသည့်ကုမ္ပဏီ (၉၂) ခု၊ ပလပ်စတစ်ကုန်ကြမ်းတင်သွင်းသည့် ကုမ္ပဏီ (၁၇၆၂) ခု၊ သံနှင့်သံမဏိ ပစ္စည်း တင်သွင်းသည့်ကုမ္ပဏီ (၁၄၁၁) ခု၊ စားသောက်ကုန်ပစ္စည်းတင်သွင်းသည့်ကုမ္ပဏီ (၄၃၁) ခုတို့အား တင်သွင်းခွင့် (Quota) ခွင့်ပြုထားပြီး အကျုံးဝင်သည့်ကုမ္ပဏီများအနေဖြင့် သိရှိနိုင်စေရေး မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သို့ အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။

အဆိုပါကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့် (Quota) ရရှိထားသော်လည်း ယနေ့အထိ Tradenet 2.0 စနစ် တွင် တင်သွင်းခွင့်လိုင်စင် (လုံးဝ)လျှောက်ထားမှုမရှိကြောင်းတွေ့ရှိရသဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ အထိ လိုင်စင်လျှောက်ထားမည်ဆိုပါက ယနေ့မှစ၍ ရက်သတ္တပတ်(၁)ပတ်အတွင်း တင်ပြလျှောက်ထားကြရန် ဖြစ်ပါကြောင်းနှင့် တစ်ပတ်အတွင်း လျှောက်ထားမှုမရှိပါက “ကုမ္ပဏီ Quota ပယ်ဖျက်သွားမည်” ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန


 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 508 times