ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး  နည်းလမ်း ၃ သွယ်


27 May, 2023

ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး  နည်းလမ်း ၃ သွယ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ကမ္ဘာတစ်လွှား တစ်ကြိမ်သုံးပလတ်စတစ်များ သုံးစွဲခြင်းကို ထက်ဝက်လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပိုများလာနေခြင်းကို တားဆီးရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် United Nations Environment Programme (UNEP) မှ  အစီရင်ခံစာတွင် ဖော်ပြထားသည်။
သဘာဝ ပတ်ဝန်းကျင်မှာ ပလတ်စတစ် အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်သွားသည်အခါ မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများ ထွက်ပြီး နေရာအနှံ့ ပျံ့နှံ့ပါသည်။ သမုဒ္ဒရာ အနက်ဆုံးနေရာမ‌ှ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်အထိ မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများကို တွေ့ရသည်။
လူအများတွင်လည်း သွေး၊ နို့ရည်၊ အချင်းတို့တွင် တွေ့ကြရသည်။
.
ပါရီသဘောတူညီချက်မှ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအစဉ်သည် အကြိမ်ကြိမ်အဖန်ဖန် သုံးစွဲခြင်း reuse ၊ ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်လည် သုံးစွဲခြင်း recycle ၊ ပစ္စည်းအမျိုးအမည် အမျိုးမျိုး အစားထိုး သုံးစွဲခြင်း replace တို့ အပေါ် အခြေခံထားသည်။ 
.
၂၀၄၀ တွင် ပလတ်စတစ် အမှုန်အမွှားကို ၈၀% အထိ လျှော့ချနိုင်ရန်၊ တစ်ကြိမ်သုံးပလတ်စတစ်များ သုံးစွဲခြင်းကို ထက်ဝက်လျှော့ချနိုင်ရန်  ရည်မှန်းထားသည်။ 
ထို့ပြင် ၂၀၄၀ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၁၉% ကိုသာ ပလတ်စတစ်မှ ထုတ်လွှတ်မည်ဟု ရည်မှန်းထားသည်။ သို့ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုမဖွံ့ဖြိုးခင်ကာလ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီ စဲစီးယပ်သာ ပိုများရန် ရည်မှန်းချက်ကို အထောက်အကူ ပြုရာ ရောက်ပါသည်။

"ပလတ်စတစ်များ ထုတ်လုပ်ပုံ၊ အသုံးပြုပုံနှင့် စွန့်ပစ်ပုံတွေက ဂေဟစနစ်ကို ညစ်ညမ်းစေကာ လူ့ကျန်းမာရေးအတွက်လည်း အန္တရာယ်များ ဖန်တီးပေးပြီး ရာသီဥတု မတည်မငြိမ်ဖြစ်စေပါတယ်" ဟု UNEP အမှုဆောင်ဒါရိုက်တာ Inger Andersen က ပြောကြားခဲ့သည်။

အစီရင်ခံစာတွင်ဖော်ပြထားသော လမ်းပြမြေပုံသည် "အဲဒီအရေးကိစ္စတွေကို သံသရာလည်တဲ့ လုပ်နည်းကိုင်ဟန် ကျင့်သုံးကြခြင်းဖြင့် အကြီးအကျယ် လျှော့ချပေးပြီး ဂေဟစနစ်များထဲ ပလတ်စတစ် ရောက်မလာအောင် လုပ်ပေးတယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတွေထဲ ရောက်မလာအောင် လုပ်ပေးတယ်။ နိုင်ငံစီးပွားရေးထဲမှာလည်း ကင်းဝေးစေတယ်"  ဟု ၎င်းက ပြောကြားသည်။


• အကြိမ်ကြိမ် အသုံးပြုခြင်း Reuse
• တစ်ဖန်ပြန်သုံးခြင်း Recycle
• အစားထိုးခြင်း Replace

ကမ္ဘာတစ်လွှား ထုပ်ပိုးပစ္စည်းကဲ့သို့သော  သက်တမ်းတိုပလတ်စတစ်များမှ စွန့်ပစ်အမှိုက်များသည် ၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၂၃၈  သန်းခန့် ရှိသည်။ ထက်ဝက်ခန့်သည် ပတ်ဝန်းကျင်တွင် လက်လွှတ်စပယ် လွှင့်ပစ်လိုက်ကြသည်။ 
လောလောဆယ်တွင် ပလတ်စတစ် ညစ်ညမ်းမှုဘတားဆီးရေးသည် အရေးနိမ့်နေသည်။ တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။
တားဆီးဖို့ အပြောင်းအလဲများ သိသိသာသာ မဖြစ်ပေါ်ခဲ့လျှင် ၂၀၄၀ ခုနှစ်တွင် တစ်နှစ်တာ ပမာဏ ၄၀၈ တန်သို့ ရောက်ရှိလာမည် ဟု UNEP က ခန့်မှန်းထားသည်။
ဖြေရှင်းပုံများဖြင့် မူပြောင်း စနစ်ပြောင်းပြီး လုပ်ကိုင်ကြလျှင် ၄၁ တန်သာ ရှိတော့သည်အထိ လျှော့ချနိုင်မည်။

အကြိမ်ကြိမ်အဖန်ဖန်ပြန်သုံးခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
 ပလတ်စတစ်ညစ်ညမ်းမှုကို ၃၀%အထိ လျှော့ချပေးနိုင်လိမ့်မည်။ 
 တစ်ခါတည်းသာ ထည့်သုံးသည့် ထုတ်ပိုးပစ္စည်းများအစား အကြိမ်ကြိမ်အဖန်ဖန် ပြန်ထည့်သုံးနိုင်သည့် ထုတ်ပိုးပစ္စည်းများ ပြောင်းလဲသုံးစွဲကြရမည် ဖြစ်သည်။

ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်လည်သုံးစွဲခြင်းကို ထိထိရောက်ရောက် လုပ်နိုင်လျှင် ပလတ်စတစ်ညစ်ညမ်းမှုကို ၂၀% အထိ လျှော့ချပေးနိုင်မည်။

ပလတ်စတစ်အစား အခြားအရာ ဆွေးမြေ့ပျက်စီးလွယ်ပစ္စည်းများဖြင့် အစားထိုးသုံးစွဲခြင်းသည် ပလတ်စတစ်ညစ်ညမ်းမှုကို ၁၇% အထိ လျှော့ချပေးနိုင်မည်။

 

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 

How To Read 560 times