PJ နှင့် PS နိုင်ငံကူးလက်မှတ်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ ထုတ်ယူရမည့် အခွန်ရုံးများ


21 October, 2023

PJ နှင့် PS နိုင်ငံကူးလက်မှတ်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ ထုတ်ယူရမည့် အခွန်ရုံးများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပြည်ပလုပ်သား Passport For Job(PJ) နှင့် သင်္ဘောသား  Passport For Seaman(PS)  နိုင်ငံကူးလက်မှတ် အမျိုးအစားများ သက်တမ်းတိုးမြှင့်ခြင်း လာရောက်လျှောက်ထားသည့်အခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးမြှင့်ပေးသည့် လုပ်ငန်းစဉ်ကို  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထိုကိစ္စအတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ရယူနိုင်သည့် အခွန်ရုံးများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။



PJ နှင့် PS နိုင်ငံကူးလက်မှတ်အမျိုးအစားများအတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ ထုတ်ယူရမည့် အခွန်ရုံးများအား အသိပေးကြေညာခြင်း

၁။ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် PJ (Passport for Job) နှင့် PS (Passport for Seaman) နိုင်ငံကူးလက်မှတ်အမျိုးအစား ကိုင်ဆောင်သူများ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက် တင်ပြနိုင်မှသာ ပြည်ထဲရေးဝန်ကြီးဌာနက သက်တမ်းတိုးမြှင့်ပေးသည့် လုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၂။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် PJ နှင့် PS နိုင်ငံကူးလက်မှတ်အမျိုးအစား ကိုင်ဆောင်သူများ အတွက် လုံခြုံမှုအဆင့်အတန်းပါရှိသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံ အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ထုတ်ပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ရာ PJ နှင့် PS နိုင်ငံကူးလက်မှတ်အမျိုးအစားကိုင်ဆောင်သူများအနေဖြင့် အထက်အပိုဒ် ၂ ပါ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံအား အောက်ပါမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ကျသင့် အခွန်ပေးဆောင်၍ ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

(က) ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံထုတ်ယူရန် သတ်မှတ်သည့် ရုံးများ
 
(၁) ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊

(၂) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ 

(၃) အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊

(၄) ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး။ 


(ခ) မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံထုတ်ယူရန် သတ်မှတ်သည့်ရုံးများ 

(၁) မဟာအောင်မြေမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ 

(၂) ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး။

(ဂ) ကျန်တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ကင်းရှင်းကြောင်း ထောက် ခံချက်ပုံစံ ထုတ်ယူရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တည်ရှိရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ။

၄။ PJ နှင့် PS နိုင်ငံကူးလက်မှတ်အမျိုးအစားကိုင်ဆောင်သူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံထုတ်ယူသည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ပြည့်စုံစွာသိရှိလိုပါက 

• အခွန်ထမ်း ဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး (ရန်ကုန်) 
တယ်လီဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ 
၀၁-၈၃၈၉၃၂၂၊ 

• အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) 
တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၂၊ 
၀၆၇-၃၄၃၀၅၄၄၊ 

• အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) 
တယ်လီဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂၊ 
၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ 

တို့ထံ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန


 မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ

• အလည်အပတ် (PV) (Passport for Visit)
အလည်သွားရောက်ရန်အတွက်ဖြစ်ပါသည်။
 
• သင်္ဘောသား (PS) (Passport for Seaman)
သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်အတွက်ဖြစ်ပါသည်။
 
• စီးပွားရေး (PB) (Passport for Business)
ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍လေ့လာခြင်း၊ အစည်းအဝေးများ တက်ရောက်ခြင်းအတွက်ဖြစ်ပါသည်။
 
• ပညာရေး (PE) (Passport for Education)
သင်တန်းများ၊ ကျောင်းများတက်ရောက်ရန်အတွက် ဖြစ်ပါသည်။
 
• အလုပ် (PJ) (Passport for Job)
ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိရန်အတွက်ဖြစ်ပါသည်။

• ဘာသာရေး (PR) (Passport for Religious)
ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပါသည်။

• မှီခို (PT) (Passport for Dependent)
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအား မှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက် ဖြစ်ပါသည်။
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 729 times