ဖိလစ်ပိုင် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့်အတူ စံချိန်တင် စီးပွားရေး ကြီးထွားခဲ့ 


28 January, 2023

ဖိလစ်ပိုင် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့်အတူ စံချိန်တင် စီးပွားရေး ကြီးထွားခဲ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဖိလစ်ပိုင်သည် ၁၉၇၆ ခုနှစ်မှနောက်ပိုင်း စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့်အတူ စံချိန်တင် စီးပွားရေး ကြီးထွားခဲ့သည်။
ဖိလစ်ပိုင်သည်  ၁၄ နှစ်တာကာလအတွင်း အမြန်ဆန်ဆုံးငွေကြေးဖောင်းပွနှုန်းကို ဗဟိုဘဏ် အမြင့်ဆုံး အတိုးနှုန်းဖြင့်  ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး အာရှတွင် အများဆုံး စီးပွားရေး ကြီးထွားမှုကို ရယူနိုင်ခဲ့ပါသည်။
  ဒီဇင်ဘာလအထိ သုံးလအတွင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၇.၂% တိုးတက်ခဲ့သည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့က ကြာသပတေးနေ့(ဇန် ၂၆) တွင် ပြောကြားခဲ့သည်။
ကုန်ထုတ်လုပ်မှု အထွက်နှုန်းသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂.၄% မြင့်တက်ခဲ့သည်။


၂၀၂၂ တစ်နှစ်လုံးအတွက် GDP သည် ၇.၆% တိုးတက်ခဲ့သည်။
 ၁၉၇၆ ခုနှစ်နောက်ပိုင်း အကောင်းဆုံး တစ်နှစ်တာ  စွမ်းဆောင်ရည်ဖြစ်သည်။
 စီးပွားရေးသည် မြင့်တက်သော လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေမည်ဟု အစိုးရက ယုံကြည်သည်။
တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်ခြင်းသည် ဖိလစ်ပိုင်အတွက် ကောင်းကျိုးဖြစ်စေမည်ဖြစ်သည်။
နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများကို ဖိလစ်ပိုင်က ကျော်လွှားနိုင်မည်ဖြစ်သည်။

လာမည့်လများအတွင်း ဈေးနှုန်းများ ဈေးတက်ခြင်း အေးသွားဖွယ်ရှိပြီး ဗဟိုဘဏ်သည် အတိုးနှုန်း မြှင့်တင်ပေးနေရခြင်း ယခုသုံးလပတ်တွင် အဆုံးသတ်ရန် မျှော်လင့်ကြောင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Felipe Medalla က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
Source Bloomberg

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Industry Reviews Read 4299 times