ဖိလစ်ပိုင်သမ္မတသစ်က  SEZ ဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ချ


04 July, 2022

ဖိလစ်ပိုင်သမ္မတသစ်က  SEZ ဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ချ

ဖိလစ်ပိုင်သမ္မတအသစ် ဖာဒီနန်မားကိုစ် ဂျူနီယာ က ၎င်း၏ ပထမဆုံး ဥပဒေပြုရေး လုပ်ဆောင်ချက်တစ်ခုအဖြစ် Bulacan Airport City Special Economic Zone and Freeport  အထူးစီးပွားရေးဇုန်တစ်ခု ဖန်တီးမည့် ဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း သမ္မတရုံးက စနေနေ့ (ဇူလိုင် ၂ ရက်) တွင် ပြောကြားခဲ့သည်။

အသက် ၆၄ နှစ်ရှိသူ သမ္မတသစ် မားကိုစ်က မေလ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ဇွန်လ ၃၀ ရက် တွင် သမ္မတ တာဝန် စတင်ထမ်းဆောင်သည်။ ယခင်အစိုးရလက်ထက် ကိုဗစ်ကပ်ဘေး တုံပြန်ဆောင်ရွက်မှုများနှင့် နိုင်ငံစီးပွား ထိခိုက်ခဲ့ခြင်းများကြောင်း အစိုးရကြွေးမြီ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံ ကို အမွေဆက်ခံရသည်။

"အထူးသဖြင့် အရင်းအမြစ်များက ရှားပါး‌နေပြီး လိုအပ်ချက်များက များပြားနေသည့် အချိန်များတွင်  ဘဏ္ဍာရေးသတိတရားကို လက်ကိုင်ထားပြီး ကျင့်သုံးရမည်ဟု လွှတ်တော်သို ပေးပိုသော စာတွင် သမ္မတက ရေးသားထားသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် ရှည်လျားပြီး ကျယ်ပြန့်သော အခွန်ခံစားခွင့်များကို ပေးဆောင်သည့် အထူးစီးပွားရေးဇုန်အသစ်ကို ဖန်တီးခြင်းသည် နိုင်ငံအတွက် ကြီးမားသော ငွေကြေးဆိုင်ရာ အန္တရာယ်များကို ဖြစ်စေနိုင်သည်ဟု မားကိုစ်က ပြောကြားခဲ့သည်။

မေလတွင် အထက်လွှတ်တော်က Bulacan ပြည်နယ်တွင် အထူးစီးပွားရေးဇုန်တစ်ခု ဖန်တီးသည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ယင်းဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်ရှိ သမ္မတ၏ နိုင်ငံရေးမဟာမိတ်များစွာထဲမှ တစ်ဦးဖြစ်သူ သမ္မတ၏ အစ်မအရင်းအချာ ဆီနိတ်တာ အီမီမားကိုစ်က ရေးသားခဲ့သည်။  

အထူးစီးပွားရေးဇုန် special economic zone (SEZ) တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည့် အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတစ်ခု ပါဝင်ပြီး ကုမ္ပဏီစုကြီး San Miguel Corp က နှစ် ၅၀ ကန်ထရိုက် ရရှိထားပြီး လေဆိပ်ကို တည်ဆောက်၊ လုပ်ငန်းလည်ပတ်၊ ပြုပြင်ထိန်းသိမ်း ရမည် ဖြစ်သည်။
တည်ဆောက်မည် ဖြစ်သည်။ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်ဦးရေ သန်း ၁၀၀ ကို ကိုင်တွယ်ပေးနိုင်မည်။ မြိုတော်မနီလာရှိ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်ဦးရေ သန်း ၃၀ ကိုသာ ကိုင်တွယ်ပေးနိုင်သည်။

လက်ရှိသမ္မတ မားကိုစ်သည် လွန်ခဲ့သည့် ၃၆ နှစ်က လူထုအုံကြွမှုကြောင့် ဖိလစ်ပိုင်မှ ထွက်ပြေးခဲ့ရသော သမ္မတမားကိုစ်၏ သားအရင်းဖြစ်ပြီး ကြာသပတေးနေ့(ဇွန်လ ၃၀) တွင် ကျမ်းသစ္စာကျိန်ဆိုပြီး ဖိလစ်ပိုင်သမ္မတ တာဝန် စတင်ရယူခဲ့သည်။
#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U

Investment/Divestment Read 549 times