ပီဆိုကို ကာကွယ်ရန်အတွက် စျေးကွက်ဝင်ရောက်စွက်ဖက်မှုကို ဖိလစ်ပိုင် သုံးသပ် 


19 October, 2022

ပီဆိုကို ကာကွယ်ရန်အတွက် စျေးကွက်ဝင်ရောက်စွက်ဖက်မှုကို ဖိလစ်ပိုင် သုံးသပ် 

ဖိလစ်ပိုင်သည် ငွေကြေးဖောင်းပွမှုကို လျော့ပါးစေရန် အတိုးနှုန်းကိုသာ ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး လိုအပ်လာပါက ကျဆင်းနေသောပီဆိုတန်ဖိုးကို ခုခံကာကွယ်ရန် ဝင်ရောက်စွက်ဖက်မှု ပြုဖွယ်ရှိကြောင်း သမ္မတ Ferdinand Marcos Jr က ပြောကြားခဲ့သည်။
"ငွေကြေးဖောင်းပွမှုက နံပါတ်တစ် ဦးစားပေး ဖြစ်နေဆဲပါ။  သက်ရောက်မှုများကို လျော့ပါးစေရန် ကျွန်တော်တို့ အတိုးနှုန်းကို ဆက်လက်အသုံးပြုပါမယ်"ဟု သူက ရေးသားထားသည်။
.“လာမယ့်လတွေမှာ ပီဆိုငွေကို ခုခံကာကွယ်ရတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခြုံငုံခန့်မှန်းချက်ကတော့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တခြားနိုင်ငံတွေထက် ပိုကောင်းနေသေးတယ်" ဟု မားကို့စ်က Twitter မှာ ရေးသားခဲ့ပါသည်။
သမ္မတက Economic Team နှင့် အစည်းအဝေး ထိုင်ပြီး ယခုနှစ် လက်ကျန်ကာလနှင့် နောက်နှစ် ပထမ ၃ လပတ်အတွက် မူဝါဒ ဦးတည်ချက်များ ဆေ‌ွးနွေးခဲ့ကြကြောင်း Twitter မှာ အသိပေးပါသည်။
ယခုနှစ်တွင် ယခုအထိ ဖိလစ်ပိုင် ပီဆိုသည် အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် ၁၃.၅% တန်ဖိုး ဆုံးရှုံးခဲ့ပါသည်။
ငွေဖောင်းပွမှုနှင့် ငွေတန်ဖိုးကျခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အတိုးနှုန်းကို ကိရိယာအဖြစ် သုံးစွဲသွားမည် ဖြစ်သည်။ 
Source Twitter
 

Banking & Loan Read 188 times