PetroChina  နှင့်  Petronas  LNG စာချုပ်လက်မှတ်ရေးထိုး


30 April, 2023

PetroChina  နှင့်  Petronas  LNG စာချုပ်လက်မှတ်ရေးထိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

PetroChina သည် မလေးရှားနိုင်ငံမှ Petronas နှင့် LNG  အရောင်းအဝယ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
.
တရုတ်နိုင်ငံမှ PetroChina International Co Ltd သည် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို ဝယ်ယူရန် မလေးရှားနိုင်ငံမှ Petronas နှင့် အရောင်းအဝယ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ 
.
ဧပြီလ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူစာချုပ်သည် ၎င်းကုမ္ပဏီနှစ်ခုတို့ ကာလလတ်နှင့် ရေရှည် LNG အရောင်းအဝယ် သဘောတူစာချုပ်ကို ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ ကုမ္ပဏီ နှစ်ခုစလုံးက အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မပြုချေ။
.
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း LNG တင်သွင်းသူ ဖြစ်ခဲ့သည်။ LNG တန်ချိန် ၇၈.၈ သန်း တင်သွင်းခဲ့သည်။
.
နိုင်ငံပိုင်လုပ်ငန်း China National Petroleum Corp ၏ လက်တံတစ်ခုဖြစ်သော အများနင့်သက်ဆိုင်သည့် ကုမ္ပဏီ PetroChina Co Ltd သည် တရုတ်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်သွင်းသည့် ကုမ္ပဏီဖြစ်သည်။ 
PetroChina Co Ltd မှ အကြီးတန်း အရာရှိတစ်ဦးက တရုတ်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ သုံးစွဲမှု ယခုနှစ်တွင် မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။ 
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 227 times