Peninsula ဟိုတယ် စီမံကိန်းကို အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်ကြောင်း ပြောကြား


16 March, 2023

Peninsula ဟိုတယ် စီမံကိန်းကို အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်ကြောင်း ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ပင်နီစူလာ ဟိုတယ်အော်ပရေတာသည် ရန်ကုန်မြို့လယ် မီးရတားရုံးချုပ်ဟောင်းမှ စီမံကိန်းကို အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ပင်နီစူလာဟိုတယ် ပါ၀င်သည့် ရန်ကုန်မြို့လယ်မှ ပြန်လည်တည်ဆောက်ရေးစီမံကိန်းသည်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းယူပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။

အကြီးစား Peninsula ဟိုတယ်များ လုပ်ငန်း၏ အော်ပရေတာသည် အခြေအနေများ သင့်လျော်သည်ဟု ယူဆပါက ရန်ကုန်မြို့တွင် ရပ်တန့်ထားသည့် ကန်ဒေါ်လာ သန်း ၁၃၀ စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိသည်။

Advertisement

Click Here > Ko Thein Zaw

Hongkong and Shanghai Hotels စီအီးအို Clement Kwok က ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်  အာဏာသိမ်းမှုကြောင့် ဟိုတယ်တည်ဆောက်မှု ရပ်ဆိုင်းထားကြောင်း ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုသို့ ဆောက်လက်စ ရပ်ထားသော်လည်း ယိုယွင်းပျက်စီးမှု မရှိအောင် ထိန်းသိမ်းရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း Kwok က အလေးပေးပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဆောက်လုပ်ရေး လုပ်ငန်း ပြန်စလိုပါက အချိန်မရွေး ပြန်လည်စတင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
"အဆောက်အဦကို မပျက်မစီး ထိန်းသိမ်းထားပါတယ် ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်လို့ ကျွန်တော်ထင်ပါတယ်" ဟု Kwok က ပြောကြားသည်။

 

အဆိုပါစီမံကိန်းသည် မြန်မာသူဌေးကြီး Serge Pun ၏ Yoma Group မှ ထိန်းချုပ်သည့် ကုမ္ပဏီနှစ်ခုနှင့် Hongkong and Shanghai Hotels တို့
ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သည်။ တစ်ခုမှာ စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင် Yoma Strategic Holdings ဖြစ်ပြီး ကျန်တစ်ခုမှာ ရန်ကုန် စတော့အိပ်ချိန်း စာရင်းဝင် First Myanmar Investment-FMI ဖြစ်ပါသည်။ 
Hongkong and Shanghai Hotels က ၇၀% ပိုင်ဆိုင်ပါသည်။ 
၈၈ ခန်းပါ ဟိုတယ်သည် ယခင် ကိုလိုနီခေတ် မြန်မာ မီးရထား ရုံးချုပ်ကို ပြန်လည် ပြုပြင်တည်ဆောက်ခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့ပြီး၂၀၂၂ ခုနှစ်တွင်ပြီးစီးရန် စီစဉ်ထားသော်လည်း တည်ဆောက်မှု ၂၀၂၁ နှစ်လယ်တွင်ရပ်တန့်ခဲ့သည်။

 

Hongkong and Shanghai Hotels က စီမံကိန်း တန်ဖိုး၏ ၈၀% ဖြစ်သောဟောင်ကောင်ဒေါ်လာ ၆၇၉ သန်း (ကန်ဒေါ်လာ ၈၆ ဒသမ ၅ သန်း) ကို  လွန်ခဲ့သည့် တစ်နှစ်က ဆုံးရှုံးမှုအဖြစ် စာရင်းပြခဲ့ပြီး ဖြစ်သည်။
Source asia nikkei
 

Investment/Divestment Read 2166 times