အလုပ်သမားဥပဒေ ချိုးဖောက်သည့် ကုမ္ပဏီပေါင်း ၄၀၀ ကို မလေးရှား ပြစ်ဒဏ်ချမှတ်ခဲ့


21 September, 2023

အလုပ်သမားဥပဒေ ချိုးဖောက်သည့် ကုမ္ပဏီပေါင်း ၄၀၀ ကို မလေးရှား ပြစ်ဒဏ်ချမှတ်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 မလေးရှားနိုင်ငံသည် ယခုနှစ်အတွင်း အလုပ်သမားဥပဒေချိုးဖောက်သည့် ကုမ္ပဏီ ၄၀၀ ကို အရေးယူခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Bernama က လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး V. Sivakumar ကို ကိုးကား၍ သတင်း ဖော်ပြခဲ့သည်။

ဝန်ကြီးဌာန၏ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ အလုပ်ရှင် ၂၇၂ ဦးကို စုစုပေါင်း ရင်းဂစ် ၂ ဒသမ ၁၇ သန်း (ဒေါ်လာ ၄၆၃၀၀၀) ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း၊ တရားရုံးများသည် အလုပ်ရှင် ၁၂၈ ဦးအား စုစု‌ေပါင်း ရင်းဂစ် ၂၄၂,၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း Bernama သတင်းတွင် ဖော်ပြထားသည်။

အလုပ်သမားဥပဒေ ချိုးဖောက်မှုများတွင် တရားမဝင် လုပ်အားခ နုတ်ယူခြင်းများ ပါဝင်သည်ဟု Sivakumar က ဆိုသည်။

ဝန်ကြီးက ကုမ္ပဏီများ၏ အမည်များကို ပြောကြားခြင်း မပြုချေ။ အလုပ်သမား နစ်နာမှုများ အသေးစိတ်ကိုလည်း ပြောကြားခြင်း မပြုချေ။

မလေးရှားသည် စားအုန်းဆီမှ ဆေးဘက်ဆိုင်ရာ လက်အိတ်များနှင့် ဆီမီးကွန်ဒတ်တာ ချစ်ပ်များအထိ  ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် ကုန်ထုတ်လုပ်သူအဖြစ် ရပ်တည်နေသည်။

ရွှေ့ပြောင်းအလုပ်သမားများကို းကုန်ထုတ်လုပ်ငန်းများနှင့် စိုက်ခင်းလုပ်ငန်းများတွင် တွင်ကျယ်စွာ အလုပ်ခန့်ထားသည်။
မလေးရှားကုမ္ပဏီများသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် မတရားသဖြင့် အနိုင်ကျင့်သည့် စွပ်စွဲချက်များဖြင့် အမေရိကန်က မလေးရှား ကုန်စည်များအပေါ် အရေးယူပိတ်ပင်ခဲ့သည်။

အဓမ္မခိုင်းစေမှု စွပ်စွဲချက်များတွင် ကြွေးမြီဖြင့် ချုပ်နှောင်မှု၊ အလုပ်ချိန် လွန်ကဲမှု၊ နိုင်ငံကူးလက်မှတ် သိမ်းဆည်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသော အဆောင်များတွင် နေထိုင်ရခြင်းတို့ ပါဝင်သည်။
 
မလေးရှားသည် အဓမ္မလုပ်အားပေးခိုင်းစေမှုများအား ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး ဖယ်ရှားပစ်ရန် ရည်မှန်းထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Laws and Regulations Read 362 times