တရုတ်နိုင်ငံတွင် ပြည်သူ့ဝန်ထမ်းများကို ဒစ်ဂျစ်တယ် ယွမ်ဖြင့် လစာပေးအပ်


11 May, 2023

တရုတ်နိုင်ငံတွင် ပြည်သူ့ဝန်ထမ်းများကို ဒစ်ဂျစ်တယ် ယွမ်ဖြင့် လစာပေးအပ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံတွင် ပြည်သူ့ဝန်ထမ်းများကို ဒစ်ဂျစ်တယ် ယွမ် e-CNY ဖြင့် လစာပေးခြင်း စတင်ကြသည်။ e-currency ကို လူအများ လက်ခံသုံးစွဲစေရန်  တစ်ဆင့်ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၁၄  ခုနှစ်ကတည်းက  ဗဟိုဘဏ်  People's Bank of China PBOC သည် ဒစ်ဂျစ်တယ် ယွမ်ငွေကို သုတေသနပြုခဲ့သည်။ ယခုအခါ လူအများ သုံးစွဲသည့်အဖြစ်သို့ ရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ထွင်နေသည်။
 ယခင်က ဘဏ်ဝန်ထမ်းများကို ဒစ်ဂျစ်တယ်ယွမ် ဖြင့် လစာ ပေးခဲ့သည်။ ယခုအခါ အစိုးရဝန်ထမ်းများကိုလည်း ဒစ်ဂျစ်တယ်ယွမ်ဖြင့် လစာပေးသည်။
ကျန်စု ပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်သော ချန်ရူ တွင် ယခုလအတွင်း အစိုးရကဏ္ဍဝန်ထမ်းများ၊ နိုင်ငံပိုင် ကုမ္ပဏီများမှ ဝန်ထမ်းများအတွက် ဒစ်ဂျစ်တယ် ယွမ် တိုက်ရိုက် ဘဏ်အပ်ငွေအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ယွမ် ဘဏ်စာရင်းထဲသို့ လစာ ဝင်နေမည် ဖြစ်သည်။

 

ဒစ်ဂျစ်တယ် ယွမ် e-CNY ဖြင့် ပေးချေနိုင်ကြောင်း အသိပေးထားပုံ

 

 အစိုးရကဏ္ဍတွင် လုပ်အားခကို ဒစ်ဂျစ်တယ် ယွမ်ဖြင့် ပေးဆောင်ခြင်းသည် စားသုံးသူဈေးကွက်တွင် ဒစ်ဂျစ်တယ် ယွမ်ကို လက်ခံကျင့်သုံးမှု  ပိုမိုကြီးမားသည့်ဆီသို့ ရောက်ရှိသွားစေမည်ဖြစ်သည်။

၂၀၂၂ နှစ်ကုန်တွင် ဒစ်ဂျစ်တယ်ယွမ် ၁၃.၆၁ ဘီလီယံ လည်ပတ်နေပြီ ဖြစ်သော်လည်း လည်ပတ်နေသည့် ယွမ်ငွေ စုစုပေါင်း၏ ၀.၁၃% မျှသာ ရှိသည်။ 


Source asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 336 times