ပြည်ဝင်ခွင့် ရဖို့ အလွယ်ကူဆုံး နိုင်ငံကူးလက်မှတ်များ


10 October, 2021

ပြည်ဝင်ခွင့် ဗီဇာ ရရှိဖို့ အလွယ်ကူဆုံး နိုင်ငံကူးလက်မှတ် (passport)များတွင် ဂျပန်နှင့် စင်ကာပူတို့သည် ထိပ်ဆုံးမှာ ရှိနေသည်ဟု နောက်ဆုံး ထုတ်ပြန်သော Henley Passport Index တွင် ဖော်ပြထားသည်။ 
အဆိုပါ နှစ်နိုင်ငံစလုံးသည် ဗီဇာလျှောက်ထားရန်မလိုခြင်း၊ ဆိုက်ရောက်ဗီဇာ ရနိုင်ခြင်းတို့ အခွင့်အရေး ရထားသည့်နေရာ ၁၉၂ ခု ရှိသည်။ 

ဒုတိယနေရာတွင် ဂျာမနီနှင့် တောက်ကိုးရီးယားတို့ ရှိနေပြီး နေရာ ၁၉၀အတွက်  ဗီဇာလျှောက်ထားရန်မလိုခြင်း၊ ဆိုက်ရောက်ဗီဇာ ရနိုင်ခြင်းတို့ အခွင့်အရေး ရထားသည်။
တတိယနေရာတွင် ဖင်လန်၊ အီတလီ၊ လူဇင်ဘတ်နှင့် စပိန်တို့ ရှိနေကြသည်။
ယူကေနှင့် အမေရိကန်တို့သည် သတ္တမနေရာသို့ ကျဆင်းသွားခဲ့ကြပြီး ချက်၊ ဂရိ၊ မော်လ်တာ၊ နော်ဝေးတို့နှင့် အတူတူ ဖြစ်သွားသည်။ 

နောက်ဆုံးရရှိသည့် အချက်အလက်များအရ ပတ်စ်ပို့ အဆင့်အတန်းမြင့်မားသည့် ကမ္ဘာမြောက်ခြမ်းမှ နိုင်ငံများသည် မိမိတို့ နိုင်ငံအတွင်းသို့ ဆိုက်ရောက်လာသူများကို ကိုဗစ်-၁၉ တားမြစ်ကန့်သတ်မှုများ တင်းကျပ်ထားကြချိန်တွင် ပတ်စ်ပို့ အဆင့်အတန်း နိမ့်ကျသည့် နိုင်ငံအများအပြားတို့သည် ပြည်ဝင်ခွင့်ကို ဖြေလျော့ပေးထားကြသည်။ 

ထိုအချက်က ပတ်စ်ပို့ အဆင့်အတန်း နိမ့်ကျသည့် နိုင်ငံများမှ ကိုဗစ်ကာကွယ်‌ဆေး အပြည့်ထိုးပြီးသူ ခရီးသွားလာလိုသူများသည် သွားရောက်ခွင့် မရရှိသည့်နိုင်ငံ များပြားနေပြီး ပြည်တွင်းမှာပင် ပိတ်မိနေစေသည်ဟု ဆန်းစစ်ထားသည်။ 

အညွှန်းကိန်း အနိမ့်ပိုင်းတွင် ရှိသော အီဂျစ်သည် အဆင့်အတန်း ၇၉ တွင် ရှိနေပြီး ဆိုက်ရောက်လာသည့် ခရီးသည်များအပေါ် ကန့်သတ်ချက်များ မထာရှိသော်လည်း အီဂျစ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦး
အနေဖြင့် ဗီဇာကြိုတင်ရယူရန် မလိုဘဲ သွားနိုင်သော နေရာ ၅၁ ခု သာ ရှိသည်။ 
အလားတူပင် နံပါတ် (၇၇) တွင် ရှိနေသော ကင်ညာသည် ခရီးသွားလာမှု ပိတ်ပင်ခြင်း မရှိချေ။ ကင်ညာနိုင်င်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦးအနေဖြင့် သွားရောက်နိုင်သော နေရာ ၇၂ ခု သာ ရှိသည်။ 

ကမ္ဘာ့ပျမ်းမျှအဆင့် နံပါတ်မှာ (၄၄) ဖြစ်ပါသည်။ 

 

 

မြန်မာနိုင်ငံသည် ပတ်စ်ပို့ ပါဝါအဆင့်အတန်း PASSPORT POWER RANK နံပါတ် ၄၁ တွင် ပါလက်စတိုင်းနယ်မြေနှင့် အတူတူ ရှိနေပါသည်။ ဒိုမေနီကာ (၂၁ ရက်) ၊ ဟီတီ (ရက် ၉၀)၊ ထိုင်း (၁၄ ရက်)၊ စိန့်ဗင်စင့် (ရက် ၃၀)  အပါအဝင် ဗီဇာမလိုဘဲ သွားရောက်နိုင်သည့် နေရာ ၆ ခု၊ ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့် ရယူနိုင်သည့် နေရာ ၃၅ ခုနှင့် ဗီဇာကြိုတင်ရယူထားရန် လိုအပ်သည့် နေရာ ၁၅၇ ခု ရှိပါသည်။ 


ပြည်ဝင်ခွင့် ရဖို့ အလွယ်ကူဆုံး နိုင်ငံကူးလက်မှတ်များနှင့် ကြိုတင်ဗီဇာ ရယူရန် မလိုဘဲ သွားရောက်နိုင်သော နေရာအရေအတွက် 

ဂျပန်၊ စင်ကာပူ

၁၉၂

တောင်ကိုရီးယား၊ ဂျာမနီ

၁၉၀

အီတလီ။ ဖင်လန်၊ စပိန်၊ လူဇင်ဘတ်

၁၈၈

ဒိန်းမတ်၊ ဩစတီးယား

၁၈၉

ဆွီဒင်၊ ပြင်သစ်၊ ပေါ်တူဂီ၊ နယ်သာလန်၊ အိုင်ယာလန်

၁၈၇

ဆွစ်ဇာလန်၊ ဘယ်လဂျီယံ၊ နယူးဇီလန်

၁၈၆

နော်ဝေး၊ ဂရိ၊ မော်လ်တာ၊ ချက်၊ ယူကေ၊ အမေရိကန်

၁၈၅

ကနေဒါ၊ ဩစတေးလျ

၁၈၄

ဟန်ဂေရီ

၁၈၃

၁၀

လစ်သူနီးယား၊ ပိုလန်၊ စလိုဗာကီယား

၁၈၂


 

Tips Read 532 times