ပြည်ပရောက် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသတင်းမှားနှင့် စပ်လျဉ်း၍  အသိပေးကြေညာ


06 July, 2022

ပြည်ပရောက် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသတင်းမှားနှင့် စပ်လျဉ်း၍  အသိပေးကြေညာ

 ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး သတင်းမှား နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန Ministry of Foreign Affairs  MOFA က ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှလည်း သက်တမ်းတိုး သတင်းမှားသာဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 


၁။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်း ကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

၂။ မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် အကြောင်း

အမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်/ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကိုသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

၃။ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သာမန်မြန်မာနိုင်ငံကူး လက်မှတ် အမျိုးအစား(၇)မျိုးဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) များအားလုံးကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန


ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှလည်း သက်တမ်းတိုး သတင်းမှားသာဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 
 


၁။ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်း ကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းကို မြန်မာနိုင်ငံ၌ ပြန်လည် လျှောက်ထားရ မည် ဖြစ်ကြောင်း ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပြီး၊ အဆိုပါဖော်ပြချက်များသည် သတင်းမှားများသာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
၂။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းအပါအဝင် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို သံရုံး၌ ပုံမှန်အတိုင်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ မြန်မာသံရုံး၊ တိုကျိုမြို့၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား (၇)မျိုးဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) များ အားလုံးကို သတ်မှတ် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေး ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
၄။ မြန်မာသံရုံး၌ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ရုံးဖွင့်ရက်များတွင် မနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ စာတိုက်မှတစ်ဆင့် လျှောက်ထားမှုများအတွက် လိုအပ်သော စာရွက်စာတမ်း၊အချက်အလက်များကို မြန်မာသံရုံး၊တိုကျိုမြို့၏ ဝက်ဘ်ဆိုက် ဖြစ် သော http://www.myanmar-embassy-tokyo.net/2022/consularamendment/revised2.htm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
 
မြန်မာသံရုံး၊ တိုကျိုမြို့။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ   ၆   ရက်။

Laws and Regulations Read 692 times