နဂါး ၉ ကောင် စက္ကူဘုရင်မ အရှေ့တောင်အာရှမှာ ခြေကုပ်ချဲ့ထွင်


15 May, 2023

နဂါး ၉ ကောင် စက္ကူဘုရင်မ အရှေ့တောင်အာရှမှာ ခြေကုပ်ချဲ့ထွင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ထိပ်တန်း စက္ကူထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Nine Dragons Paper (Holdings) သည်
အရှေ့တောင်အာရှတွင် ၎င်း၏ ခြေကုပ်ကို တိုးချဲ့လျက်ရှိသည်။ လျင်မြန်စွာ ကြီးထွားနေသော စျေးကွက်ထဲမှ  ဂျပန်နှင့် တရုတ် ပြိုင်ဘက်များနှင့် ပြိုင်ဆိုင်နေသည်။
 မတ်လတွင် Nine Dragons သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်အနီး ဆီလန်ဂေါပြည်နယ်တွင် ၎င်း၏ ပထမဆုံး အခြေခံစက္ကူစက်ရုံအသစ်ကို တည်ဆောက်ပြီးစီးခဲ့သည်။
 အဆိုပါစက်ရုံသည် နှစ်စဉ် ကတ်ထူစက္ကူအတွက် အခြေခံစက္ကူတန်ချိန် ၆ သိန်း အထိ ထုတ်လုပ်နိုင်သည်။ တစ်နှစ်အတွင်း တန်ချိန် ၉ သိန်းအထိ ထုတ်လုပ်နိုင်အောင် မြှင့်တင်မည်။ 
“စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကတ်ထူပြားဝယ်လိုအားက မြင့်တက်လာမှာ ဖြစ်တဲ့အတွက် မလေးရှားဈေးကွက်မှာ လုပ်ငန်းကဏ္ဍကို ပျိုးထောင်နေပါတယ်” ဟု ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
.
နဂါး ကိုးကောင် Nine Dragons သည်  ရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ငန်းကြီးထွားအောင် တည်ထောင်သူနှင့် ဥက္ကဋ္ဌ Cheung Yan လုပ်ဆောင် နေပါသည်။ သူမကို "စက္ကူဘုရင်မ" "paper queen"ဟုလည်း ခေါ်ကြသည်။

 


"စက္ကူဘုရင်မ"ဟု အမည်တွင်သည့် Nine Dragons Paper ဥက္ကဋ္ဌ Cheung Yan
.
ဂျပန်စက္ကူအသင်း Japan Paper Association ၏ အဆိုအရ ၂၀၂၁ ခုနှစ်တွင် ကုမ္ပဏီသည် စက္ကူထုတ်ကုန် အမျိုးမျိုး ထုတ်လုပ်သည့် စုစုပေါင်း တန်ချိန်အရ ကမ္ဘာ့ နံပါတ်(၁) ဖြစ်ခဲ့ပါသည်။ 
နဂါးကိုးကောင်သည် အဓိကအားဖြင့် လှိုင်းတွန့် ကတ်ထူပြားများ ထုတ်လုပ်ပါသည်။
.
လှိုင်းတွန့် ကတ်ထူပြားများကို ကတ်ထူပုံး ပြုလုပ်ရန် သုံးစွဲပါသည်။ ကတ်ထူပုံးများကို ကုန်စည်အမျိုးမျိုး ပို့ဆောင်ရန်အတွက် ထုပ်ပိုးရာတွင် ထုပ်ပိုးပစ္စည်းအဖြစ် အလွန်အသုံးများပါသည်။ အထူးသဖြင့် အီးကောမတ်စ်တွင် အွန်လိုင်းမှ အမှာစာများအတွက် ပစ္စည်းများပေးပို့ရန် ကတ်ထူပုံးကို သုံးကြသည်။ အီးကောမတ်စ် ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာနေသည်နှင့်အမျှ ကတ်ထူပုံး လိုအပ်ချက်လည်း ပိုများလာနေပါသည်။

 

 

ဂျပန်စက္ကူထုတ်လုပ်သူ Oji Holdings ၏စက်မှုပစ္စည်းလုပ်ငန်း၏အမှုဆောင်ဒါရိုက်တာ Akio Hasebe က “အရှေ့တောင်အာရှမှာဆိုရင် ကတ်ထူပုံး လိုအပ်ချက် ကြီးထွားနှုန်းက တစ်နှစ်ကို ပျမ်းမျှ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်" ဟု ပြောကြားသည်။

 


.
အရှေ့တောင်အာရှတွင် နဂါးကိုးကောင်သည် ဗီယက်နမ်တွင် စက်ရုံတစ်ရုံ ရှိပြီး မလေးရှားတွင် ဒုတိယမြောက် စက်ရုံ ရှိသည်။ တရုတ်နိုင်ငံတွင်လည်း စက်ရုံ ရှိသည်။
ဗီယက်နမ်နယ်စပ်အနီး တရုတ်နိုင်ငံတွင် စက်ရုံ အသစ်တစ်ရုံ ထူထောင်ရန် စီစဉ်နေသည်။ခန့်မှန်းခြေ ယွမ် ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၄.၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ထို့နောက် မှန်တမ်းဖြင့် ချဲ့ထွင်သွားမည်။ ပြည်ပပို့ကုန် အခြေစိုက်စခန်းအဖြစ် အသုံးပြုမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တရုတ်အစိုးရသည် စက္ကူထုတ်ကုန်အသစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စွန့်ပစ်စက္ကူအဟောင်း တင်သွင်းမှု အားလုံးကို တားမြစ်ခဲ့သည်။
.
စက္ကူထုတ်လုပ်သူများသည် ကုန်ကြမ်း စက္ကူအဟောင်း ရဖို့ ပိုမိုလွယ်ကူသည့် အရှေ့တောင်အာရှတွင် စက်ရုံများတည်ဆောက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ၎င်းစက်ရုံများမှ ထုတ်လုပ်သော စက္ကူအမျိုးမျိုးတို့ကို ကမ္ဘာ့အကြီးဆုံး စက္ကူဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။
ယခုအခါ တရုတ်ပြည် စီးပွားရေး နှေးကွေးနေသဖြင့် ကတ်ထူစက္ကူ ဝယ်လိုအား လျော့ကျနေသည်။ သို့ဖြစ်ရာ ကတ်ထူစက္ကူ ထုတ်လုပ်သူတို့သည် စက်ရုံတည်ရှိရာ နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ဖို့ ကြိုးပမ်းကြသည်။ ယှဉ်ပြိုင်မှုများ ပြင်းထန်လာသည်။
မလေးရှားတွင် ဂျပန်စက္ကူလုပ်ငန်းများက ကြီးစိုးထားသည်ကို ယှဉ်ပြိုင်ကြရသည်။ အထူးသဖြင့် ဂျပန်စက္ကူလုပ်ငန်း Oji သည် အကြမ်းအားဖြင့် လှိုင်းတွန့်ကတ်ထူစက္ကူ ဈေးကွက်တွင် ဈေးကွက်ဝေစု ၃၅% ရရှိထားသည်။ မလေးရှားတွင် စက်ရုံ ၁၀ခု၊ ဗီယက်နမ်တွင် ၇ ခု ရှိသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 349 times