မြစ်တွင်းအပျော်စီးသင်္ဘော အော်ပရေတာ ပန်းတော် လုပ်ငန်းဖျက်သိမ်း


02 November, 2021

မြစ်တွင်းအပျော်စီးသင်္ဘော အော်ပရေတာ ပန်းတော်က ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်တဲ့အတွက် အပြီးအပိုင် ပိတ်သိမ်းကြောင်း ၎င်း၏ ဝဘ်တိုက်နှင့် လူမှုကွန်ရက် စာမျက်နှာများမှာ အသိပေး ကြေညာခဲ့ပါတယ်။

၂၀၂၂ မှာ ပြန်လည်ပြေးဆွဲရင် စီးဖို့ ကြိုတင် စာရင်းပေးထားသူများ ရှိနေပါသော်လည်း ရင်းနီးမြှုပ်နှံမယ့်သူများ ကြိုးစားရှာဖွေပေမဲ့ မရတာကြောင့် မလွှဲမရှောင်သာသဖြင့် ပန်တော်ကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။
သင်္ဘောဝန်ထမ်း ၃၀၀ ကျော် အလုက်လက်မဲ့ ဖြစ်သွားပါတယ်။

အရှေ့တောင်အာရှ မြစ်တွင်းအပျော်စီး သင်္ဘော အထူးကျွမ်းကျင်တဲ့လုပ်ငန်းဖြစ်ပြီး ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အိန္ဒိယ နိုင်ငံတို့မှာ သင်္ဘော ၁၇ စီးဖြင့် ပြေးဆွဲခဲ့ပါတယ်။ 

ကိုဗစ်ကြောင့် နိုင်ငံတကာ အပန်းဖြေ အပျော်ခရီး သွားလာမှုများ ဆက်လက်ထိခိုက်လျက်ရှိပြီး ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ နိုင်ငံများမှာ ခရီးသွားတို့ လာရောက်ကြတဲ့ နေရာတွေ ပိတ်ထားပြီး မြန်မာနိုင်ငံမှာ ဆိုးဝါးနေတဲ့ နိုင်ငံရေး အ‌ခြေအနေတို့ကြောင့် ကုမ္ပဏီအနေဖြင့် အခြားရွေးချယ်စရာ မရှိ မြစ်တွင်းအပျော်စီးသင်္ဘော လုပ်က်ုင်မှုများကို ရပ်ရမှာဖြစ်ကြောင်း ဖော်ပြထားးပါတယ်။

ကီုဗစ်အကျပ်အတည်းမှာ ဆက်လက်တောင့်ခံထားဖို့အတွက် လိုအပ်တဲ့ငွေအတွက် ထုခွဲ ရောင်းချလို့ရတာလည်း မရှိ၊ နောက်ထပ် အရင်ူအနှီး ရှာလို့ မတွေ့ကြောင်းလည်း အသိပေးထားပါတယ်။

၁၉၉၅ မှာ စတင်ထူထောင်ခဲ့တဲ့ ပန်းတော် Pandaw ဟာ အရှေ့တောင်အာရှ မြစ်တွေထဲမှာ မြစ်တွင်း အပျော်စီးသင်္ဘောများဖြင့် လမ်းသစ်ထွင်ခဲ့ပါတယ်။ 
မြန်မာနိုင်ငံမှာ အပျော်စီးသင်္ဘောဖြင့် ညအိပ် မြစ်တွင်းခရီးစဉ်များ ပထမဆုံး ပြေးဆွဲခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်း မြစ်နှစ်သွယ်မှာ ပြေးဆွဲခဲ့ပါတယ်။
ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံ မဲခေါင်မြစ် အပျော်စီးသင်္ဘော အော်ပရေတာအနေဖြင့် အကြီးမားဆုံး အော်ပရေတာ ဖြစ်ပါတယ်။
 အရှေ့တောင်အာရှမှာ Pandaw အမည်ဖြင့် မြစ်တွင်းစီး သင်္ဘောများ ပြေးဆွဲတဲ့အပြင် Avalon Waterways နှင့် Viking အမည်တို့ဖြင့်လည်း ပြေးဆွဲခဲ့ပါတယ်။
 သင်္ဘောအသီးသီးဟာ မြစ်တွင်း ရေတိမ်မှာ သွားလာနိုင်ကြပြီး ခရီးသည် ၃၀ မှ ၅၀ အထိ လိုက်ပါနိုင်ပါတယ်။

Pandaw ဟာ မိသားစုပိုင် ကုမ္ပဏီဖြစ်ပြီး စကော့လူမျိုး သမိုင်းပညာရှင် Paul Strachan က မြန်မာပြည်ကို ချစ်တဲ့စိတ်ဖြင့် ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ဧရာဝတီမြစ်တွင်း ပြေးဆွဲနေတဲ့ စကော့တလန်မှာ တည်ဆောက်ခဲ့တဲ့ သင်္ဘောကို ပြန်လည်တည်ဆောက်ပြီး စတင်ခဲ့ပါတယ်။ တစ်ချိန်တစ်ခါက Irrawaddy Flotilla Company အတွက် ပြေးဆွဲခဲ့တဲ့ ရေနွေးငွေ့သုံး မီးသင်္ဘော ဖြစ်ပါတယ်။

Irrawaddy Flotilla Company ကို ထူထောင်ပြီး သင်္ဘော ရာဂဏန်း အရေအတွက်ဖြင့် မြန်မာပြည်မှာ ပြေးဆွဲခဲ့သူကလည်း စကော့တလန်သား တစ်ဦးဖြစ်ပါတယ်။ ၁၈၆၅ မှ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အထိ ပြေးဆွဲခဲ့ပါတယ်။

 

 

 

 

Investment/Divestment Read 28756 times