မလေးရှား စားအုန်းဆီ ဈေးနှုန်း ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်း


21 May, 2022

မလေးရှား စားအုန်းဆီ ဈေးနှုန်း ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်း

 

စားအုန်းဆီ အများဆုံးတင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားတာကို ရုပ်သိမ်းမယ်လို့ ကြေညာပြီးချိန်မှာ အကျဘက်ကို ဦးစိုက်စပြုနေတဲ့ စားအုန်းဆီဈေးနှုန်းများ ဆက်လက်ကျဆင်းသွားစေခဲ့ပါတယ်။ ရောင်းလိုအား ပိုများလာပြီး ဝယ်လိုအားများ လျော့ကျနေတဲ့အတွက် ကျဆင်းလက်စကို ဆက်လက်ကျဆင်းသွားစေခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ ဧပြီလ ၂၈ မှာ စတင်ခဲ့တဲ့ စားအုန်ဆီ ပြည်ပတင်ပို့မှု ပိတ်ပင်တားမြစ်ချက်ဟာ မေလ ၂၃ ရက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 
လာမယ့်ဇူလိုင် ဩဂုတ်မှာ စားအုန်ဆီး တစ်တန်ဈေးနှုန်း ရင်းဂစ် ၅,၀၀၀ ($1,135) အထိ ကျဆင်း သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်လို့ Savola Foods ရဲ့ ထွေ/ဂျာ Tajgir Rahman က ရိုက်တာသတင်းမီဒီယာကို ပြောကြားပါတယ်။ 

"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း စားအုန်းဆီ ဈေးနှုန်းက ဈေးကြီးနေတော့ ဝယ်လိုအား ယုတ်လျော့ပျက်စီးသွားခဲ့ပါတယ်" လို့ သူက ပြောကြားပါတယ်။ 

 

 

မလေးရှား စားအုန်းဆီတင်ပို့မှုမှာ အများဆုံး ဝယ်ယူတဲ့ နှစ်နိုင်ငံ တရုတ်နှင့် အိန္ဒိယတို့ထံ တက်ပို့တဲ့ ပမာဏ မေလ ပထမ လဝက်မှာ လျော့ကျခဲ့ပါတယ်။ အိန္ဒိယမှ ဝယ်လက်များက ဈေးကြီးလို့ အဝယ်ရပ်ထားကြတယ်။ တရုတ်နိုင်ငံမှာက လော့ဒေါင်းကြောင့် လျှော့ဝယ်ကြပါတယ်။

ကွာလာလမ်ပူ ကြိုပွိုင့်အရောင်းအဝယ်မှာလည်း ဈေးတက်ကျဆင်းပါတယ်။ ဝါရင့်ကုန်သည် Dorab Mistry က စားအုန်းဆီဈေးနှုန်း ဇွန်လမှာ တစ်တန် ရင်းဂစ် ၅,၀၀၀ အထိ ကျဆင်းနိုင်ပြီး စက်တင်ဘာလမှာ ရင်းဂစ် ၄,၀၀၀ အထိ ကျဆင်းမယ်လို့ ခန့်မှန်းကြောင်း ရိုက်တာသတင်းမီဒီယာကို ပြောကြားပါတယ်။ 


 

Agriculture & Livestock Export, Import Read 2175 times