စားအုန်းဆီ လက်ကားဈေးနှုန်းများ


26 March, 2022

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း  

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ  ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း
တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိရာ 

၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်မှ 
ဧပြီလ ၂ ရက် နေ့အထိ ကာလအတွင်း 

လက်ကား ရောင်းချရမည့်  ရည်ညွှန်းစျေးကို 
စားအုန်းဆီ တစ်ပိသာလျှင်

အမြင့်ဆုံး ၆၃၀၀/အနိမ့်ဆုံး ၅၅၂၅  ကျပ် 

ဟု စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်သည်ဟု သိရပါသည်။ 

 

၂၅ မတ်လ ၂၀၂၂  ကန်တင်  လက်ကားဈေး 

 


၂၅ မတ်လ ၂၀၂၂  စားအုန်းဆီ သင်္ဘောအဝင်
 

Agriculture & Livestock Read 3217 times