မလေးရှားသို့ သွားသည့် သင်္ဘောတွင် စားအုန်းဆီ တင်ဆောင်ထားသဖြင့် အင်ဒိုနီးရှား ရေတပ်က ဖမ်းဆီး


07 May, 2022

မလေးရှားသို့ သွားသည့် သင်္ဘောတွင် စားအုန်းဆီ တင်ဆောင်ထားသဖြင့် အင်ဒိုနီးရှား ရေတပ်က ဖမ်းဆီး

 

 


အင်ဒိုနီးရှား ရေတပ်က ကွန်တိန်နာသင်္ဘောတစ်စီးကို ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ထားတဲ့ စားအုန်းဆီများ တင်ဆောင်ထားတဲ့အတွက် ဖမ်ဆီးလိုက်ကြောင့် ပြောရေးဆိုရေး တာဝန်ရှိသူက ပြောကြားပါတယ်။

စားအုန်းဆီ အများဆုံး တင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဧပြီလကုန်ပိုင်းမှာ စားအုန်းဆီ အမျိုးအစား အကုန်လုံးကို ပြည်ပတင်ပို့မှု ပိတ်ပင်ခဲ့ပါတယ်။ ပြည်တွင်းမှာ ဟင်းချက်ဆီအဖြစ် သုံးစွဲနေတဲ့ စားအုန်းဆီ ဈေးနှုန်း မိုးထိအောင် တက်နေခြင်းနှင့် ပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ပြည်ပတင်ပို့မှု အားလုံးကို တားမြစ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 


စင်ကာပူမှတ်ပုံတင် အလံလွှင့် ကွန်တိန်နာသင်္ဘော  MV Mathu Bhum ကို ဧပြီလ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ ဖမ်ဆီးခဲ့တယ်လို့ ရေတပ်မှာ ပြောရေးဆိုရေး တာဝန်ခံ  Agung Prasetiawan က ယနေ့ ဧပြီလ ၇ ရက် စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။  အဆိုပါသင်္ဘောက အင်ဒိုနီးရှားမှ မလေးရှားသို့ သွားတဲ့ သင်္ဘောလို့ ဆိုပါတယ်။ 
မလေးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး စားအုန်းဆီတင်သွင်းမှု နဝမ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံက အင်ဒိုနီးရှား၊ ပါပူးဝါးနယူးဂီနီ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘီနင် အစရှိတဲ့ နိုင်ငံများထံမှ စားအုန်းဆီ တင်သွင်းပါတယ်။
" သင်္ဘောပေါ်မှာ refined, bleached, deodorised (RBD) palm olein စားအုန်းဆီသန့် ပါတဲ့ ကွန်တိန်နာ ၃၄ လုံး တင်ဆောင်ထားပါတယ်။ ထို ကုန်စည်အမျိုးအစားကို ပြည်ပတင်ပို့ခြင်း ယာယီအားဖြင့် ပိတ်ပင်ထားပါတယ်" လို့ ၎င်းက အသေးစိတ် အသိပေးပြောကြားပါတယ်။ 

ကမ္ဘာ့စာအုန်းဆီ ထုတ်လုပ်မှုရဲ့ ၆၀% ဝန်းကျင်ကို အင်ဒိုနီးရှား နိုင်ငံက ထုတ်လုပ်ပါတယ်။ ဟင်းချက်ဆီအပြင် အလှကုန်အမျိုးမျိုးမှအစ ဘီစကစ်အလယ် ချောကလက်အဆုံး စားအုန်းဆီကို ထည့်သွင်း သုံးစွဲကြပါတယ်။  ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ပြည်တွင်းမှာ သုံးစွဲပါတယ်။ 

ကမ္ဘာ့ဈေးကွက်ထဲမှာ စာအုန်းဆီ အမျိုးမျိုး ဈေးနှုန်း မြင့်မားနေတာကြောင့် စာအုန်းဆီ ထုတ်လုပ်သူတွေက ပြည်တွင်းမှာ အစိုးရ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချဖို့ထက် ပြည်ပတင်ပို့ရောင်းချဖို့ကို အားသန်ကြပါတယ်။ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ထိန်းသိမ်းရန်နှင့် စားအုန်းဆီရဖို့ တန်းစီ ဝယ်ယူနေကြရတာတွေ ဖြေရှင်းပေးဖို့ အင်ဒိုနီးရှား အစိုးရက ပြည်ပတင်ပို့မှုကို ယာယီအားဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။ 
ပြည်တွင်းမှာ ဟင်းချက်ဆီအဖြစ် သုံးစွဲကြတဲ့ စားအုန်းဆီ အမျိုးအစား လက်ကားဈေးနှုန်း တစ်လီတာကို ၁၄,၀၀၀ ရူပီယာ (၀.၉၇ အမေရိကန်ဒေါ်လာ) အထိ ကျဆင်းတော့မှ ပြည်ပတင်ပို့ခွင့်ကို စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ၂၆,၀၀၀ ရူပီယာအထိ မြင့်တက်ခဲ့ရာမှာ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ဈေးနှုန်း ပြန်လည် ကျဆင်လာခဲ့ပါတယ်။
ဧပြီလ ၆ ရက် သောကြာနေ့က လက်ကားဈေးနှုန်း ၁၇,၂၀၀ ရူပီယာ ရှိပါတယ်။ 

Agriculture & Livestock Export, Import Laws and Regulations Read 720 times