အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပပို့ကုန်ခွဲတမ်း တန်ချိန် ၂၇၀,၀၀၀ ကျော် ပါမစ်ချပေးပြီးဟု ပြောကြား


04 June, 2022

အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပပို့ကုန်ခွဲတမ်း တန်ချိန် ၂၇၀,၀၀၀ ကျော် ပါမစ်ချပေးပြီးဟု ပြောကြား

အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့ရန် ခွဲတမ်းချပေးထားတာ ၂၀၂၂ မေလ ၃ ရက်အထိ  တန်ချိန် ၂၇၅,၄၅၄ ကို ပို့ကုန်ပါမစ် ထုတ်ပေးထားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Oke Nurwan က ပြောကြားပါတယ်။ မေလကုန်ပိုင်းမှာ စားအုန်းဆီ တင်ပို့ရန် ပြန်လည်ခွင့်ပြုခဲ့ချိန်မှ သောကြာနေ့အထိ ပို့ကုန်ပါမစ် ထုတ်ပေးထားတဲ့ ပမာဏ ဖြစ်ပါတယ်။
ကုမ္ပဏီ ၂၁ ခုကို ပါမစ်ချပေးခဲ့ပြီး အများစုက ဆီသန့် refined, bleached and deodorised (RBD) palm oil  နှင့် olein တို့ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ 

အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ အမျိုးမျိုး တင်ပို့မှုကို ဧပြီလ ၂၈ ရက်မှာ စတင်ပိတ်ပင်ခဲ့ပြီး မေလ ၂၃ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။
စားအုန်းဆီအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီများက ပြည်တွင်း‌ဈေးကွက်မှာ ရောင်းချမှု ပမာဏ အနည်းအများအရ ပို့ကုန်ခွဲတမ်း ချပေးတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးပါတယ်။

စားအုန်းဆီ တန်ချိန် ၁ သန်းကို ခွဲတမ်းချပေးနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ယခင်က ပုံမှန်အားဖြင့် စားအုန်းဆီအမျိုးမျိုး တစ်လ တန်ချိန် ၂.၅ သန်း တင်ပို့ပါတယ်။ 


#MyanmarIndustryGuide 
Source: Reuters
 

Agriculture & Livestock Export, Import Read 884 times